ဒေါင်းတို့မျိုးဆက်သံချပ် ဝန်းရံသူများရုံးချိန်းတွင် တရားလိုအား စတင်စစ်ဆေး

17 August 2019
ဒေါင်းတို့မျိုးဆက်သံချပ် ဝန်းရံသူများရုံးချိန်းတွင် တရားလိုအား စတင်စစ်ဆေး

တပ်မတော်က နိုင်ငံတော်အကြည်ညိုပျက်စေမှုနဲ့ ဖမ်းဆီးထိန်းသိမ်း တရားစွဲဆိုထားတဲ့  ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ ရုံးထုတ်မှာ ဝန်းရံခဲ့သူများအနက်မှ ၅ဦးကို သြဂုတ်လ ၁၆ရက်နေ့တွင် ရုံးထုတ်ခဲ့ပြီး တရားလိုဖြစ်သူ ရဲမှူးနေဝင်းအား ဗိုလ်တစ်ထောင်မြို့နယ်တရားရုံးတွင် စတင်စစ်ဆေးခဲ့သည်။ 

ဒီအမှုကို CMP မှ ပုံမှန်သွားရမယ့် သာမာန်အမှုအဖြင့် သတ်မှတ်ပေးခဲ့ပြီး တရားလိုဘက်မှ ရှာဖွေပုံစံ သက်သေခံ (ခ)ကို တင်သွင်းခဲ့တယ်လို့ တရားစွဲဆိုခံထားရသူများဘက်ကလိုက်ပါဆောင်ရွက်ပေးနေတဲ့  တရားလွှတ်တော်ရှေ့နေ ဒေါ်စန်းစန်းမြင့်က ပြောပါတယ်။ 

ရိုက်ကူး/တင်ဆက် - ကရိုင်နူးရာ

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59716

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly