၇၃ ကြိမ်မြောက် အိန္ဒိယလွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

16 August 2019
၇၃ ကြိမ်မြောက် အိန္ဒိယလွတ်လပ်ရေးနေ့အထိမ်းအမှတ်အခမ်းအနားကျင်းပ

အိန္ဒိယနိုင်ငံ၏ ၇၃ ကြိမ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားကို ရန်ကုန်မြို့ တက္ကသိုလ်ရိပ်သာလမ်းသစ်ရှိ KMA ခန်းမတွင် သြဂုတ်လ ၁၅ ရက်နေ့ ညပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကို တက်ရောက်ခဲ့သလို နိုင်ငံတကာမှ သံအမတ်ကြီးများလည်း တက်ရောက်ခဲ့သည်။

အခမ်းအနားတွင် အိန္ဒိယနိုင်ငံမဏိပူရ်ပြည်နယ်မှ အနုပညာရှင်များက ရိုးရာအကများဖြင့် ကပြဖျော်ဖြေခဲ့သည်။

ရိုက်ကူး/တည်းဖြတ် - ဇေယျာမော်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly