နိုင်ငံတကာ ထောက်ခံမှု ဟောင်ကောင်ဆန္ဒပြသူတွေ တောင်းဆို

နိုင်ငံတကာ ထောက်ခံမှု ဟောင်ကောင်ဆန္ဒပြသူတွေ တောင်းဆို

ဟောင်ကောင်၊ သြဂုတ် ၁၇ ။         ။ ဟောင်ကောင်ရဲ့ မြို့လယ် ချက်တာဥယျာဉ်မှာ ထောင်ပေါင်းများစွာသော ဆန္ဒပြသူတွေဟာ သောကြာနေ့က စုရုံးကြပြီး ဟောင်ကောင်မှာ ဖြစ်ပွားနေတဲ့ ဆန္ဒပြမှုတွေအတွက် နိုင်ငံတကာ ထောက်ခံမှု တောင်းဆိုကြပါတယ်။

အခု စုရုံးဆန္ဒပြမှုကို အထက်တန်းကျောင်း ၁၂ ကျောင်းက ကျောင်းသားခေါင်းဆောင်တွေ ကြီးမှူးစီစဉ်ပြီး ဆန္ဒပြအင်အားဟာ ခြောက်သောင်းလောက် ရှိမယ်လို့ ခန့်မှန်းရပါတယ်။

ဟောင်ကောင်ရဲ့ လွတ်လပ်မှုကို ဖျက်ဆီးနေတဲ့ တာဝန်ရှိသူတွေအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်ချမှတ်နိုင်မယ့် ဟောင်ကောင် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီအက်ဥပဒေကို အမေရိကန်လွှတ်တော်က ပြဌာန်းပေးဖို့ကို ဆန္ဒပြပွဲ ကြီးမှူးသူတွေက လိုလားလျက်ရှိနေပါတယ်။

ဒါအပြင် တရုတ််နိုင်ငံက တရုတ်-ဗြိတိန် ပူးတွဲကြေညာချက်ကို ချိုးဖောက်နေတယ်ဆိုပြီး ဗြိတိန်အနေနဲ့ ကြေညာပေးဖို့လည်း တောင်းဆိုနေပါတယ်။

ဒီအရေးတွေကို ဖော်ဆောင်ဖို့ ကျောင်းသားတွေဟာ လာမယ့်လမှာ အမေရိကန်နဲ့ ဗြိတိန်ဆီ သွားရောက်ကြဖို့လည်း စီစဉ်နေကြပါတယ်။

ဆန္ဒပြကျောင်းသားခေါင်းဆောင် ဂျိုရှောဝေါင်က ဟောင်ကောင်က တာဝန်ရှိသူတွေကို ဆန့်ကျင်တဲ့ ဆန်ကျင်တွေကို အမေရိကန် ကွန်ဂရက်က အတည်ပြုလာလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ အောက်လွှတ်တော် ဥက္ကဌဖြစ်သူ နန်စီပီလိုစီက ဟောင်ကောင်ဆန္ဒပြမှုတွေကို ထောက်ခံမှုရှိလို့ မျှော်လင့်ထားတာပါ။

ဟောင်ကောင်မှာ အစိုးရက တရုတ်ဆီ တရားခံလွှဲပြောင်းတဲ့ ဥပဒေကြမ်း ပြဌာန်းဖို့ လုပ်ဆောင်လာတာကနေ ဆန္ဒပြပွဲတွေ ဖြစ်ပွားပြီး ဥပဒေကြမ်းကို အာဏာပိုင်တွေက ဖျက်သိမ်းပေးပေမယ့် ဒီမိုကရေစီဆန္ဒပြပွဲတွေဟာ လနဲ့ချီကြာအောင် ခုထိ ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly