လေထုညစ်ညမ်းမှု တိုက်ဖျက်ဖို့အတွက် မက္ကဆီကိုမှာ စက်ရုပ်သစ်ပင်ကို တင်ဆင်အသုံးပြု

လေထုညစ်ညမ်းမှု တိုက်ဖျက်ဖို့အတွက် မက္ကဆီကိုမှာ စက်ရုပ်သစ်ပင်ကို တင်ဆင်အသုံးပြု

သြဂုတ် ၁၆ ။          ။ လေထုညစ်ညမ်းမှု ပြဿနာကို တိုက်ဖျက်ဖို့အတွက် မက္ကဆီကိုမှာ “စက်ရုပ် သစ်ပင်” တွေကို တပ်ဆင် အသုံးပြုနေပြီ ဖြစ်ကြောင်း သိရပါတယ်။

ရေညှိ တစ်မျိုး ဖြည့်ထားတဲ့ အဆိုပါ စက်ရုပ်သစ်ပင် တစ်ပင်ကို ပွေဘလာမြို့မှာ မက္ကဆီကို ကုမ္ပဏီတစ်ခုက တင်ဆင်ခဲ့ပါတယ်။

ဒါဟာ မြို့ပြဧရိယာတွေမှာ လေထုညစ်ညမ်းမှုကို လျှော့ချနိုင်ဖို့ အတွက်နဲ့ ပိုမို သန့်ရှင်းတဲ့ လေတွေ ထုတ်လွှတ်နိုင်ဖို့အတွက် ရည်ရွယ်လုပ်ဆောင်ခြင်း ဖြစ်ပါတယ်။

တစ်နည်းအားဖြင့် မြို့တွင်းမှာ အဆိပ်အတောက် ညစ်ညမ်းမှု ပြဿနာကို တိုက်ဖျက်ဖို့ အားထုတ်မှုတစ်ရပ်လည်းဖြစ်ပါတယ်။

“ ဒီထဲမှာ ရေညှိ ထည့်ထားတဲ့အတွက် ဒါက သဘာဝပတ်ဝန်းကျင် ညစ်ညမ်းမှု ကို ကူညီသန့်ရှင်းစေဖို့ ရှိသလို မြို့နေပြည်သူတွေအားလုံးကိုလည်း ပိုမိုသန့်ရှင်းတဲဲ့ လေကောင်းလေသန့်တွေ ရရှိစေပါလိမ့်မယ်” ဆိုပြီး ယင်းအစီအစဉ်ကို ဖော်ဆောင်နေတဲ့ ကုမ္ပဏီ Biomitech ရဲ့ တည်ထောင်သူ ဂျေမီ ဖာရဲရားက ပြောသွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly