ကက်ရှ်မီးယားမှာ မူဂျာဟစ်ဒင်ခွဲထွက်ရေးအုပ်စုက အိန္ဒိယကို ကန့်ကွက်ဆန္ဒပြ

ကက်ရှ်မီးယားမှာ မူဂျာဟစ်ဒင်ခွဲထွက်ရေးအုပ်စုက အိန္ဒိယကို ကန့်ကွက်ဆန္ဒပြ

ကက်ရှ်မီးယား၊ သြဂုတ် ၁၆ ။          ။ ကက်ရှ်မီးယား ခွဲထွက်ရေး အုပ်စုဖြစ်တဲ့ ဟစ်ဘ်အူမူဂျာဟစ်ဒင်အုပ်စုဟာ ဒေသကို အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့် ပေးထားတဲ့ ဥပဒေကို အိန္ဒိယက ပယ်ဖျက်လိုက်တဲ့အပေါ် ဆန့်ကျင့်ပြီး ဆန္ဒပြကြပါတယ်။

အိန္ဒိယရဲ့ အဲဒီ လုပ်ဆောင်ချက်ကြောင့် ပါကစ္စတန််နိုင်ငံဟာ ကက်ရှ်မီးယားအတွက် ‘အမှောင်လွှမ်းနေ့’ black day ဆိုပြီး သတ်မှတ်လုပ်ဆောင်ခဲ့သလို အခု ဆန္ဒပြသူတွေကလည်း black day အဓိပ္ပာယ်ရတဲ့ စာတွေ ရေးထားတဲ့ အလံတွေကို ကိုင််ဆောင်ရင်း ချီတက်ဆန္ဒပြကြတာပါ။

အိန္ဒိယ ထိန်းချုပ်ရာ ကက်ရှ်မီးယားဒေသမှာ ခွဲထွက်ရေးအုပ်စု မူဂျာဟစ်ဒင်အဖွဲ့ဟာ အမေရိကန်ရဲ့ အကြမ်းဖက်အဖွဲ့အဖြစ် သတ်မှတ်ပြီး နာမည်ပျက်စာရင််း အသွင်းခံထားရတဲ့ အုပ်စုပဲ ဖြစ်ပါတယ်။

ဒါပေမယ့် ပါကစ္စတန်က မူဂျာဟစ်ဒင်အုပ်စုကို နာမည်ပျက်စာရင်းသွင်း တားမြစ်ပိတ်ပင်ထားတာ မရှိပါ။

“ပါကစ္စတန်် အစိုးရကို ထပ်ပြီး တိုက််တွန်းမယ်။ တားမြစ်ပိတ်ပင်ထားတဲ့ အဖွဲ့အစည်းအုပ်စုတွေကို လွတ်ငြိမ်းခွင့်ပေးလိုက််ပါ။ သူတို့တွေကို အိန္ဒိယကို ဆန့်ကျင်တိုက်ခိုက်ဖို့ အခွင့်အရေး ပေးလိုက်ပါ။”လို့ မူဂျာဟစ်ဒင်် ဒုတိယအကြီးအကဲ ခါလစ်ဆိုင်ဖူလက်ရှ််က ပြောပါတယ်။

“အိန္ဒိယသာ ဖိနှိပ်မှုတွေ မရပ်ဘူးဆိုရင် အရှင်တော်မြတ် အလိုတော်အတိုင်း သေနတ်နဲ့ ရင်ဆိုင်ရလိမ့်မှာပါ။ ကျွန်တော််တို့အနေနဲ့ အိန္ဒိယကို ညှာတာမှု ကင််းစွာ ဖြိုခွဲပစ်ရမှာပဲ ဖြစ်တယ်။”လို့ ဆန္ဒပြသူတစ်ဦးက ပြောပါတယ်။

အိန္ဒိယနိုင်ငံဟာ ကက်ရှ်မီးယားဒေသကို ကိုယ်ပိုင််အုပ်ချုပ်ခွင့်ပေးထားတဲ့ ဥပဒေကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဖျက််သိမ်းလိုက်ပြီး အိန္ဒိယဖွဲ့စည်းပုံနဲ့ ကျန််ဒေသတွေလိုပဲ တပြေးညီ ကျင့််သုံးလာတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်ပွားပေါ်ပေါက်နေခဲ့တာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly