ဟောင်ကောင်ဆန္ဒပြသူတွေနဲ့ တွေ့ဆုံဖို့ ရှီကျင့်ဖျင်ကို ထရမ့် အကြံပြု

By EFE_EPA
16 August 2019
ဟောင်ကောင်ဆန္ဒပြသူတွေနဲ့ တွေ့ဆုံဖို့ ရှီကျင့်ဖျင်ကို ထရမ့် အကြံပြု

၀ါရှင်တန်၊ သြဂုတ် ၁၆ ။            ။ အာရှရဲ့ စီးပွားရေးအချက်အချာ ဟောင်ကောင်ဒေသကို လှုပ်ယိမ်းနေစေတဲ့ သီတင်းပတ်တွေကြာ ဆန္ဒပြပွဲတွေ အဆုံးသတ်ဖို့အတွက် တရုတ်သမ္မတ ရှီကျင့်ဖျင်အနေနဲ့ ဟောင်ကောင််ဆန္ဒပြသူတွေနဲ့ မျက်နှာချင်းဆိုင် တွေ့ဆုံသင့်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြာသပတေးနေ့မှာ အကြံပြု ပြောလာပါတယ်။

“ဆန္ဒပြသူတွေနဲ့သာ သမ္မတ ရှီကျင့်ဖျင်က တိုက်ရိုက််မျက်နှာချင်းဆိုင် တွေ့ဆုံမယ်ဆိုရင် ဟောင်ကောင်ရဲ့ ပြဿနာဟာ ပျော်ရွှင်စွာ အဆုံးသတ်မယ်ဆိုတာ ကျွန်တော် သံသယ မရှိဘူး။”လို့ ထရမ့်က တွစ်တာမှာ ရေးသားပါတယ်။

ဟောင်ကောင်ရဲ့ အခြေအနေကို ဆွေးနွေးဖို့ ရှီကျင့််ဖျင်နဲ့ တွေ့ဆုံလိုတယ်လို့ ဖွင့်ဟပြောပြီး နာရီပိုင််းအကြာမှာပဲ ထရမ့်က ခုလို တွစ်တာက ရေးသားလာတာပါ။

“တရုတ် သမ္မတ ရှီဟာ လူတော်လူကောင်းတစ်ဦးဆိုတာ ကျွန်တော် သိပါတယ်။ သူ့့ပြည်သူတွေရဲ့ လေးစားမှုကို ကြီးကြီးမားမား ရရှိထားတဲ့ တကယ်ခေါင်းဆောင်ပါ။ စီးပွားရေးပိုင််းမှာလည်း သူဟာ လူကောင်းပါပဲ။ ဟောင်ကောင်ရဲ့ ပြဿနာကို သမ္မတ ရှီအနေနဲ့ မြန်မြန်ဆန်ဆန် ပြေလည်ချင်တာကို ကျွန်တော် သံသယကင်းတယ်။ ကျွန်တော်တို့ လူချင်း တွေ့ကြမလား။”ဆိုပြီး ထရမ့်က ဗုဒ္ဓဟူးနေ့မှာ ရေးသားခဲ့ပါသေးတယ်။

ဟောင်ကောင်နယ်စပ်မှာ တရုတ်လက်နက်ကိုင် တပ်ဖွဲ့တွေ တပ်စွဲလာတဲ့ လက်ရှိအခြေအနေကြားမှာ ဟောင်ကောင်ရဲ့ အခြေအနေကို လွန်စွာ စိုးရိမ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့က ထုတ််ပြန်ပြီးနောက််မှာ ထရမ့်ရဲ့ တွစ်တာကြေညာချက် ထွက်ပေါ်လာတာလည်း ဖြစ်ပါတယ်။

ဟောင်ကောင်အစိုးရက တရုတ်ဆီ တရားခံလက်လွှဲပေးအပ်တဲ့ ဥပဒေကြမ်းကို ပြဌာန်းလို့ လုပ်ဆောင်လာတာကနေပြီး ကြီးမားတဲ့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့တာဟာ အစိုးရက အဲဒီ ဥပဒေကြမ်းကို ပြန်ရုပ်သိမ်းလိုက်ပေမယ့်လည်း ဆန္ဒပြပွဲတွေဟာ အတောမသတ်နိုင်ဘဲ ဒီမိုကရေစီတောင်းဆိုတဲ့ ဆန္ဒပြပွဲတွေ သီတင််းပတ်များစွာ ဖြစ်ပွားပေါ်ပေါက်နေတာပဲ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly