ငွေဆောင်တွင် ရင်းနှီးမြှုပ်နှံမှုပြပွဲ ကျင်းပမည်

ငွေဆောင်တွင် ရင်းနှီးမြှုပ်နှံမှုပြပွဲ ကျင်းပမည်

ဧရာဝတီတိုင်းဒေသကြီးအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန်အတွက် ငွေဆောင်တွင် ရင်းနှီးမြှုပ်နှံမှုပြပွဲကျင်းပပြုလုပ်မည်ဟု တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ပိုင်က ပြောသည်။

“ရင်းနှီးမြှုပ်နှံမှုများဖို ့ဆိုရင်၂၀၁၈ခုနှစ်ငွေဆောင်မှာ ရင်းနှီးမြှုပ်နှံမှုပွဲတွေလုပ်ပြီး ဆွဲဆောင်မှုတွေ လုပ်ခဲ့ပါတယ်။ အောက်တိုဘာလမှာလည်း ငွေဆောင်မှာ ရင်းနှီးမြှုပ်နှံမှုပွဲလုပ်ပြီး ဖိတ်ခေါ်ဖို ့ရှိပါတယ်။ ၂၀၁၈ခုနှစ် ပွဲပြီးတော့ ရင်းနှီးမြှုပ်နှံမှုှုအခြေအနေက လုပ်ငန်း ၁၄ခုကို ခွင့်ပြုပေးနိုင်ခဲ့ပါတယ်”ဟု ဦးသက်ပိုင်ကပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် လက်ရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မတီက ခွင့်ပြုထားသည့် လုပ်ငန်း၁၆ခု၊ ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ခွင့်ပြုထားသည့် လုပ်ငန်း ၃၅ခုရှိကြောင်း သိရသည်။ ထို့အပြင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများအဖြစ် တရုတ်၊ပြင်သစ်၊ဂျပန်၊ကိုရီးယား၊စင်္ကာပူ၊မလေးရှား၊ ဟောင်ကောင် တို့မှ လာရောက်ရင်းနှီးမြှုပ်နှံထားသည်။

ရိုက်ကူး - စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly