ဆန်းချက်ဇ်ကို စာချုပ်သက်တမ်းတိုးနိုင်ရန် အာဆင်နယ်ကြိုးပမ်းနေ

ဆန်းချက်ဇ်ကို စာချုပ်သက်တမ်းတိုးနိုင်ရန် အာဆင်နယ်ကြိုးပမ်းနေ

လန်ဒန်၊ အောက်တိုဘာ ၁၃ ။              ။ အာဆင်နယ်အသင်းသည် အသင်းအတွက် ခြေစွမ်းပြ ကစားလျက်ရှိသည့် ချီလီတောင်ပံတိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်ကို စာချုပ်သက်တမ်း တိုးနိုင်ရန် ကြိုးပမ်းလျက်ရှိသည်။

ဆန်းချက်ဇ်သည် ယခုရာသီတွင် အသင်းအတွက် ပြိုင်ပွဲပေါင်းစုံတွင် ခြောက်ဂိုးသွင်းယူထားပြီး အာဆင်နယ်၏ ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။

ဆန်းချက်ဇ်သည် လက်ရှိတွင် တစ်ပတ်လုပ်ခလစာငွေ ပေါင် ၁၃၀,၀၀၀ ရရှိနေပြီး စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့ပါက အသင်း၏ လစာငွေအများဆုံးကစားသမား ဖြစ်လာဖွယ်ရှိနေသည်။

လက်ရှိတွင် အာဆင်နယ်အသင်း၌ ဂျာမနီကွင်းလယ်ကစားသမား အိုဇေးလ်မှာ တစ်ပတ်လစာငွေ ပေါင် ၁၄၀,၀၀၀ ဖြင့် လစာအများဆုံးရရှိနေသည်။

ဆန်းချက်ဇ်နှင့် အိုဇေးလ်တို့ နှစ်ဦးစလုံး၏ စာချုပ်သက်တမ်းမှာ ၂၀၁၈ တွင်မှ ကုန်ဆုံးမည် ဖြစ်သည်။

အာဆင်နယ်အသင်းသည် စပိန်နောက်ခံကစားသမား နာချိုမွန်ရီရယ်ကိုလည်း သုံးနှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် သဘောတူညီမှု ရခဲ့ပြီ ဖြစ်သည်။

အသင်းခေါင်းဆောင် အာတီတာ၏ စာချုပ်သက်တမ်းမှာ ယခုနှစ်အကုန်တွင် ကုန်ဆုံးမည်ဖြစ်ပြီး စာချုပ်သစ် ချုပ်ဆိုမည်၊ မချုပ်ဆိုမည်ကို အာဆင်နယ်အသင်းက ရာသီအကုန်တွင် ဆုံးဖြတ်မည် ဖြစ်သည်။

Ref ; ဒေးလီးမေးလ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly