ဟောင်ကောင်အနီး တရုတ်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ရောက်ရှိနေမှုအပေါ် စိုးရိမ်မိဟု အမေရိကန်ထုတ်ပြော

ဟောင်ကောင်အနီး တရုတ်လက်နက်ကိုင်တပ်ဖွဲ့ဝင်များ ရောက်ရှိနေမှုအပေါ် စိုးရိမ်မိဟု အမေရိကန်ထုတ်ပြော

သြဂုတ် ၁၅ ။       ။ ထောင်နဲ့ချီတဲ့ တရုတ်လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်တွေ သြဂုတ် ၁၅ ရက်က ရှန်ကျန်းမြို့ အားကစားရုံတစ်ခုမှာ လေ့ကျင့်မှုတွေလုပ်ဆောင်နေလျက် ရှိတယ်လို့ သိရပါတယ်။

ယခုအခါ ယင်း တရုတ်လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေကို ဟောင်ကောင်က ဆန္ဒပြပွဲတွေဆီ သွားရောက် ဖြိုခွင်းစေဖို့အတွက် နယ်စပ်ကို ဖြတ်ကျော်စေပြီး တပ်ဖြန့်လာနိုင်မယ့်အပေါ် များစွာ စိုးရိမ်မိကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါပေမယ့်လည်း ပေကျင်းအစိုးရအနေနဲ့ကတော့ လက်နက်ကိုင်ရဲတပ်ဖွဲ့ဝင်တွေကိုပဲဖြစ်ဖြစ် တရုတ်ပြည်သူ့လွတ်မြောက်ရေးစစ်သည်တွေကိုပဲဖြစ်ဖြစ် ဟောင်ကောင်လမ်းတွေပေါ် တပ်ဖြန့်စေလိုတဲ့ ဆန္ဒမျိုး သိပ်ရှိလှပုံမရကြောင်း ဟောင်ကောင်ရှိ အနောက်အုပ်စုနဲ့ အာရှ သံတမန်တွေက ပြောနေကြပါတယ်။

သြဂုတ် ၁၅ ရက်မှာတော့ ဟောင်ကောင်နယ်စပ်အနီးက တရုတ် ရှန်ကျန်းမြို့ အားကစားရုံမှာ ခုလိုမျိုး တရုတ်လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေ စီတန်းလေ့ကျင့်နေတာကို AFP သတင်းထောက်တစ်ဦးက မျက်မြင်တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။

ဒါ့့အပြင် ယင်း အားကစားရုံတွင်းမှာ ကျည်ကာယာဉ်တွေကိုပါ တစ်ပါတည်း တွေ့မြင်ခဲ့ရတယ်လို့ သိရပါတယ်။

ဘာပဲဖြစ်ဖြစ် ခုလို လေ့ကျင့်မှုတွေလုပ်နေခြင်းက ဟောင်ကောင်ကို တိုက်ရိုက်သတိပေးတာမျိုး ဖြစ်နိုင်သလို သီတင်းပတ်တွေဆက်တိုက် ဆန္ဒပြ မငြိမ်မသက်ဖြစ်နေမှုကို ကြားဝင်သွားနိုင်တဲ့ အခြေအနေနဲ့ပတ်သက်လို့ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly