ကမ္ဘောဒီးယားမှာ လူကြိုက်များပြီး စျေးချိုတဲ့ လမ်းဘေးအစားအစာ ဖြစ်လာတဲ့ ကြွက်ကင်

ကမ္ဘောဒီးယားမှာ လူကြိုက်များပြီး စျေးချိုတဲ့ လမ်းဘေးအစားအစာ ဖြစ်လာတဲ့ ကြွက်ကင်

သြဂုတ် ၁၅ ။        ။ အသားကင်ဖိုပေါ်မှာ သေချာကျကျနန ကင်ထားတဲ့ လယ်ကြွက်ကင်တွေကတော့ အင်မတန် အရသာရှိလှတဲ့ စားစရာတစ်မျိုး ဖြစ်တယ်လို့ လူအများစုက သတ်မှတ်ကြမှာတော့ မဟုတ်ပါဘူး။

ဒါပေမယ့်လည်း ကမ္ဘောဒီးယား ကျေးလက်က ဘက်တမ်ဘန်း ပြည်နယ်မှာတော့့ ယင်း ကြွက်ကင်တွေဟာ အမြန်ရပြီး စျေးတော်တဲ့ စားစရာတစ်မျိုးအဖြစ် လူအများအကြား ပေါ်ပြူလာဖြစ်နေလျက် ရှိပါတယ်။

ခပ်သေးသေး ကြွက်ကင်တွေဆိုရင် တစ်ကောင်ကို ကန်ဒေါ်လာ ၀ ဒသမ ၂၅ ပေးဝယ်ရသလို ပိုကြီးတဲ့ ကြွက်ကင်တွေဆိုရင် တစ်ကောင်ကို ဒေါ်လာ ၁ ဒသမ ၂၅ အထိ ပေးရနိုင်ပါတယ်။

ကမ္ဘောဒီယားမှာ လွန်ခဲ့တဲ့ ၁၉၇၀ ပြည့်နှစ် ခမာနီအစိုးရ လက်ထက်ကတည်းက ကြွက်တွေကို စားသုံးခဲ့ကြပြီး ယင်းအချိန်ကာလက ဖားတွေ၊ တာရန်ကျူလာ ပင့်ကူတွေနဲ့အခြား သတ္တဝါအကောင်ငယ်တွေကို  စားသုံးသင့်တဲ့ အစားအစာတွေအဖြစ် ယူဆခဲ့ကြတာဖြစ်ပါတယ်။

ခုချိန်မှာတော့ အလုပ်သမားတွေ၊၊ တောင်သူတွေအတွက် ယင်း ကြွက်ကင်တွေဟာ စျေးမကြီးတဲ့ နေ့လည်စာတစ်ခုလိုမျိုးတောင် ဖြစ်နေပြီ ဖြစ်ပါတယ်။

ဒါပေမယ့် ကြွက်သားရဲ့ အရသာဟာ ဘာနဲ့ တူသလဲ ဆိုတာနဲ့ပတ်သက်လို့ ငြင်းခုံမှုတွေ ရှိနေကြဆဲလို့ သိရပါတယ်။

တစ်ချို့ကလည်းယင်းကြွက်ကင်ရဲ့ အသားကို ကြက်သား ဒါမှမဟုတ် အမဲသားလိုမျိုး နဲ့ တူတယ်လို့ ပြောကြသလို တစ်ချို့ကလည်း ဝက်သားလိုမျိုး နဲ့ ပိုတူတယ်လို့ ဆိုကြတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly