ONE: MASTERS OF DESTINYတွင် အနိုင်ရခဲ့သူတို့၏ ဖြစ်နိုင်ချေရှိသော နောက်ထပ်ပြိုင်ဘက်များ

ONE: MASTERS OF DESTINYတွင် အနိုင်ရခဲ့သူတို့၏ ဖြစ်နိုင်ချေရှိသော နောက်ထပ်ပြိုင်ဘက်များ

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ONE Championship မှ ကိုယ်ခံပညာ ကစားသမားကောင်းများက ပြိုင်ဆိုင်မှုပြင်းထန်သော တွဲဆိုင်းများဖြင့် ဇူလိုင် ၁၂ရက်၊ သောကြာညနေခင်း၌ ရင်သပ်ရှုမောဖွယ်ကောင်းသော ကိုယ်ခံပညာယှဉ်ပြိုင်ပွဲတွင် ပါဝင်ခဲ့ကြသည်။ ကမ္ဘာ့ထိပ်တန်းအဆင့် အားကစားသမားများသည် ONE: MASTERS OF DESTINY ပြိုင်ပွဲ၌ အသီးသီးလက်စွမ်းပြခဲ့ကြသည်။ အလဲထိုး ယှဉ်ပြိုင်မှုမှသည် ရင်ခုန်နှလုံးတုန်လောက်စရာ ချုပ်ကွက်အလဲထိုးပွဲများအထိ ဆက်တိုက်ယှဉ်ပြိုင်သွားခဲ့ကြသည်။

ခြိမ့်ခြိမ့်သဲကျင်းပခဲ့သော ပြိုင်ပွဲကြီးပြီးဆုံးချိန်တွင် ၄င်းညနေခင်းက အကြီးမားဆုံး အောင်ပွဲရခဲ့သော အားကစားသမားများ၏ နောက်ထပ် တွဲဆိုင်းများ မည်သို့ဖြစ်နိုင်သည်ကို ကျွန်ုပ်တို့ သုံးသပ်ကြည့်ကြမည်ဖြစ်သည်။

Giorgio Petrosyan

အဓိကတွဲဆိုင်းယှဉ်ပြိုင်မှုတွင် Giorgio “The Doctor” Petrosyan သည် Petchmorakot Petchyindee Academy ကို အမှတ်ဖြင့် အနိုင်ယူခဲ့သည်။ ၄င်း၏ ဝိတ်တန်းတွင် အဘယ့်ကြောင့် ဘက်တူလျှင် လူမရွေးတတ်သည့် အားကစားသမားဖြစ်နေခြင်းကို အကောင်းဆုံးသော ထိုးနှက်တိုက်ခိုက်မှုစွမ်းရည်ဖြင့်  ကမ္ဘာကို သက်သေထူခဲ့သည်။

အဆိုပါအောင်ပွဲကြောင့် အီတလီထိပ်တန်း Kick Boxing သမားသည် နာမည်ကျော်ထိုင်းအားကစားသမား “Smokin’” Jo Nattawut နှင့် ယှဉ်ပြိုင်ရမည့် ONE ဖယ်သာဝိတ် Kick Boxing ကမ္ဘာ့ဂရင်းပရီ အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ပြီဖြစ်သည်။ ONE Championship အစီအစဉ် တင်ဆက်သူ Michael Schiavello က ပြိုင်ဘက်နှစ်ဦးစလုံးကို ညွှန်းဆိုခဲ့သော စကားလုံးကိုပြန်ယူ သုံးရလျှင် Petrosyan သည် “ Kick Boxingလောက၏ ဖာရာရီပြိုင်ကား” ဖြစ်ပြီး Nattawut သည် “ မွေထိုင်းလောက၏ ကြောက်မက်ဖွယ်ထရပ်ကား” ကြီးဟု ယင်းတို့၏တွဲဆိုင်းကို အကောင်းဆုံးဖော်ပြနိုင်သည်။

အီတလီအားကစားသမား၏လျင်မြန်သော ထိုးနှက်တိုက်ခိုက်မှုစွမ်းရည်ကို ပြိုင်ကားနှင့်နှိုင်းယှဉ်မည်ဆိုလျင် ဆန့်ကျင်ဘက် အနေဖြင့်  ကြမ်းရှပြင်းထန်သည့် Nattawut ၏ထိုးသတ်ပုံမှာ ကုန်တင်ကားကြီးကဲ့သို့ အရှိန်အဟုန်ကြီးမားသည်ဟု ဆိုရမည်ဖြစ်သည်။ မတူကွဲ ပြားသော ကိုယ်ခံပညာ စတိုင်လ်နှစ်ခု၏ ယှဉ်ပြိုင်မှုသည် ပရိသတ်များ၏ အာရုံကို အကြိုဗိုလ်လုပွဲအဆင့်တွင် အကြီးအကျယ် ဖမ်းစာနိုင်မည်ဖြစ်သည်။

Michelle Nicolini

ဘရာဇီးဂျုဂျစ်ဆု ကမ္ဘာ့ချန်ပီယံရှစ်ထပ်ကွမ်း Michelle Nicolini သည် ONE: MASTERS OF DESTINY ပြိုင်ပွဲ၌ ၎င်း၏ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားမယ် သက်တမ်းအတွင်း အကြီးမားဆုံးအောင်ပွဲကို ရယူသွားနိုင်ခဲ့သည်။ ONE Championship အမျိုးသမီး အက်တမ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Angela Lee ကို ဒိုင်သုံးဦးစလုံး၏ တညီတညွှတ်တည်းဆုံးဖြတ် အနိုင်ပေးမှုဖြင့် အနိုင်ယူခဲ့သော ဘရာဇီး အားကစားမယ်သည် လုံးထွေးသတ်ပုတ်သည့်၄င်း၏စွမ်းရည်ကို ပြသခဲ့ရုံသာမက ONE ၏ ခါးပတ်ပိုင်ရှင်ဖြစ်သည့်အပြင် ဘက်စုံကောင်းမွန်သော အကောင်းဆုံး အားကစားမယ်တစ်ဦးကို ယှဉ်ပြိုင်နိုင်စွမ်းရှိကြောင်းလည်း ပြသသွားခဲ့ခြင်းဖြစ်သည်။

အရေးအကြီးဆုံးအချက်မှာ ONE အမျိုးသမီး စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံဘွဲ့ကို စိန်ခေါ်ရန် ထိုက်တန်သူတစ်ဦးဖြစ်ကြောင်း Michelle Nicolini က သက်သေထူခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ယင်းခါးပတ်ကို တရုတ်အားကစားမယ် “The Panda” Xiong Jing Nan  က ပိုင်ဆိုင်ထားသည်။ ၄င်းတို့နှစ်ဦးယှဉ်ပြိုင်မှုသည် မတ်တပ်ရပ်လျက်တိုက်ခိုက်မှုကလွဲပြီး အခြားဘာကိုမှ သဘောမကျသည့် ကမ္ဘာ့ချန်ပီယံနှင့် လုံးထွေးသတ်ပုတ်မှုသက်သက်ကို အားသန်သူတို့၏ ယှဉ်ပြိုင်မှုဖြစ်လာမည်ဖြစ်သည်။

Xiong သည် ပြိုင်ဘက် Nicolini ၏ ထိုးနှက်မှုစွမ်းရည်ကို အဆုံးစွန်အထိ စမ်းသပ်မည်ဖြစ်သကဲ့သို့ ဘရာဇီးအားကစားမယ်ကလည်း တရုတ်ချန်ပီယံကို ကြမ်းပြင်ပေါ်တွင် ကြီးမားပြင်းထန်သည့် ခြိမ်းခြောက်မှုများ ပြုလုပ်မည်ဖြစ်သည်။ အကြီးမားဆုံးမေးခွန်းမှာ မည်သည့် အားကစားမယ်က အခြားသူကျွမ်းကျင်သည့်နယ်ပယ်ကို အလိုက်သင့်ပြောင်းလဲကစားပြီး အောင်ပွဲရယူသွားနိုင်မည်နည်းဆိုသော မေးခွန်းပင်ဖြစ်သည်။

Ev Ting

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူ၌ Ev “E.T.” Ting သည် နောက်ဘက်မှ သိုင်းချုပ်သည့်နည်းမှဖြင့် ပန်ခရိစ် ဝယ်တာဝိတ် ကမ္ဘာ့ချန်ပီယံ Daichi Abe အား စတိုင်လ်ကျကျ တုံ့ပြန်အနိုင်ယူကစားခဲ့သည်။ ယင်းအောင်ပွဲကြောင့် Ev “E.T.” Ting သည်  ONE လိုက်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံကို စိန်ခေါ်ခွင့်နှင့် နီးစပ်သွားခဲ့ပြီဖြစ်သည်။

လက်ရှိအချိန်တွင် ဝိတ်တန်းတစ်ခုလုံးရှိ ထိပ်တန်းစိန်ခေါ်သူကို အကြိတ်အနယ်ယှဉ်ပြိုင် အနိုင်ယူရဦးမည်ဖြစ်သည်။ လိုက်ဝိတ်တန်း တွင် အလဲထိုးဘုရင်များဖြစ်သည့် စင်္ကာပူ အားကစားသမား Amir Khan နှင့် Ev “E.T.” Ting တို့သာ တွဲဆိုင်းတွဲခဲ့ပါက ပရိသတ်များကို စိတ်လှုပ်ရှားမှု ရသများစွာပေးမည့် ပွဲတစ်ပွဲဖြစ်လာမည်မှာ သေချာနေသည်။

မလေးရှားနာမည်ကျော် အားကစားသမား၏ ပါဝါနှင့် ကြမ်းတမ်းမာကျောမှုသည် စင်္ကာပူ အားကစားသမား Khan ၏ ပြင်းထန်အားပါ သော ထိုးနှက်ချက်များ၊ ခြေနှုတ်ခြေသိမ်းမြန်ဆန်မှုတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ရာ များစွာ စိတ်ဝင်စားဖွယ်ဖြစ်နေပါသည်။

Gurdarshan Mangat

အိန္ဒိယ နိုင်ငံ ကိုယ်စားပြုယှဉ်ပြိုင်သူ Gurdarshan “Saint Lion” Mangat သည် အင်ဒိုနီးရှားမှ Indonesia’s Abro Fernandes ကို ONE: MASTERS OF DESTINY ပြိုင်ပွဲ၌ ဒိုင်သုံးဦးစလုံးမှ ပေးသောအမှတ်ဖြင့် အနိုင်ရခဲ့ခြင်းဖြစ်သော်လည်း ၄င်းသည် ပြိုင်ပွဲအတွင်း အသာအယာ အနိုင်ရသွားခဲ့ ပုံပေါက်နေခဲ့သည်။ အဆိုပါပြိုင်ပွဲ၌ အနိုင်ရခဲ့သည့် အခြားသော အားကစားသမားတစ်ဦးနှင့် Gurdarshan တို့ ယှဉ်ပြိုင် ထိုးသတ်ကြမည်ဆိုလျင် များစွာစိတ်ဝင်စားဖွယ်ပင် ဖြစ်သည်။

ပထဆုံးအကြိမ်ယှဉ်ပြိုင်ခဲ့သည့် ပွဲဦးထွက်ဖြစ်သော်လည်း Aleksi “Giant” Toivonen သည် ဂျပန်စိန်ခေါ်သူ Akihiro Fujisawa အား ပထမအချီမှာပင် အနောက်ဘက်မှ သိုင်းချုပ်သည့်နည်းဖြင့် အံ့မခန်းအနိုင်ယူနိုင်ခဲ့သည်။ ဖင်လန်မှ မျက်နှာသစ် အားကစားသမား Aleksi  သည် ဖလိုင်းဝိတ်တန်း အဆင့်သတ်မှတ်ချက်တွင် လျင်မြန်စွာမြင့်တက်လာနေသော Mangat နှင့် ယှဉ်ပြိုင်ရဖွယ်ရှိနေသည်။

Toivonen တွင်လည်း အလားအလာကောင်းများစွာကို မြင်နေရပြီး ၄င်းဝိတ်တန်း၏ ထိပ်တန်းစိန်ခေါ်သူအဖြစ်သို့ ခုန်ပျံကျော်လွှား ရောက်ရှိသွားဖွယ်ရှိနေသည်။

Adrian Mattheis

Adrian “Papua Badboy” Mattheis သည် ဘက်စုံစွမ်းရည်များပြသကာ ဆယ်ကျော်သက် တရုတ်အားကစားသမား Li Zhe ကို ဒုတိယအချီ ဒိုင်ပွဲရပ်ဖြင့် ကွာလာလမ်ပူပြိုင်ပွဲ၏ စတောဝိတ်တန်းပွဲစဉ်၌ အနိုင်ယူခဲ့သည်။ ပြီးခဲ့သော ပြိုင်ပွဲ ၈ပွဲတွင် ရပွဲအနိုင်ရခဲ့သော Mattheis သည် နောက်ဆုံးယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲ လေးပွဲဆက်တိုက် အနိုင်ယူခဲ့ပြီးနောက် အင်ဒိုနီးရှား အားကစားသမားသည် ပိုမိုပြင်း ထန်သောစိန်ခေါ်မှုကို လိုလားနေခဲ့သည်။

၄င်းအတွက် ဖြစ်တန်ရာရှိသော အနာဂတ်ပြိုင်ဘက်မှာ Jeremy “The Jaguar” Miado ဖြစ်သည်။ ဖိလစ်ပိုင် ထိုးနှက်တိုက်ခိုက်ရေးသမား Jeremy သည် ONE စတောဝိတ်တန်း ကမ္ဘာ့ချန်ပီယံဟောင်း Dejdamrong Sor Amnuaysirichoke နှင့် တရုတ်နပမ်းသမား Peng Xue Wen တို့ကဲ့သို့ နာမည်ကျော်များကို အနိုင်ယူခဲ့သူဖြစ်ပြီး အင်ဒိုနီးရှား ကိုယ်စားပြုယှဉ်ပြိုင်သည့် Mattheis ၏စွမ်းရည်ကိုလည်း သေချာပေါက် စမ်းသပ်ဦးမည်ဖြစ်သည်။

Bozhena Antoniyar

 မြန်မာနိုင်ငံမှ Bozhena Antoniyar သည် အက်တမ်ဝိတ်တန်း၌ Bi Nguyen နှင့် ယှဉ်ပြိုင်ခဲ့ရာ အကောင်းဆုံး ကြိုးစားယှဉ်ပြိုင်ခဲ့ပြီး အမှတ်ဖြင့် ပွတ်ကာသီကာအနိုင်ရရှိခဲ့သည်။ ၄င်းသည် နိုင်ပွဲနှစ်ပွဲ ဆက်မှတ်တမ်းဝင်ခဲ့ပြီး ယင်းစံချိန်ကို ဆက်လက်တိုးမြှင့်နိုင်ရန် ကြိုးစား လေ့ကျင့်လျက်ရှိနေသည်။

၄င်းအတွက် နောက်ထပ်စိန်ခေါ်မှုဖြစ်လာနိုင်သည်မှာ ရှုံးပွဲမရှိသေးသည့် ဂျပန်အားကစားမယ် Itsuki “Strong Heart Fighter” Hirata ဖြစ်သည်။  ၄င်းတို့နှစ်ဦးအနက် ဂျပန်အားကစားမယ်သည် ONE Championship ပြိုင်ပွဲခေါင်းစဉ်အောက်တွင် တစ်ပွဲသာ ယှဉ်ပြိုင်ဖူး သေးသည်။ သို့သော် Itsuki သည် ပြီးခဲ့သော ဇွန်လအတွင်း ကျင်းပခဲ့သည့် ONE: LEGENDARY QUEST ပြိုင်ပွဲ၌ ပြိုင်ဘက် Angelie Sabanal အား ပထမအချီအလဲထိုးဖြင့် အနိုင်ယူခဲ့သူဖြစ်ခြင်းကြောင့် လူသစ်ဟု ဆိုနိုင်သော်လည်း Bozhena Antoniyar ကို ကောင်းစွာခြိမ်းခြောက်နိုင်သည့် ပြိုင်ဘက်တစ်ဦးပင်ဖြစ်သည်။

၄င်းတို့နှစ်ဦးအကြား ဖြစ်နိုင်ခြေရှိသောထိပ်တိုက်တွေ့ဆုံမှုသည် နှစ်ဦးစလုံး၏ ကိုယ်ခံပညာအားကစားဆိုင်ရာဖွံဖြိုးမှု အညွှန်းကိန်း သဖွယ်ဖြစ်သည်။ ပြိုင်ဘက်ကောင်းနှစ်ဦးဟုဆိုနိုင်မည့် ၄င်းတို့နှစ်ဦးသည် အကယ်၍ တွဲဆိုင်း ဖြစ်ပေါ်လာပါက ယခုနှစ်နှစ်ကုန်ပိုင်းတွင် ယှဉ်ပြိုင်ကြရဖွယ်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly