အိန္ဒိယဝန်ကြီးချုပ် မိုဒီအား ပါကစ္စတန်ဝန်ကြီးချုပ်က ဟစ်တလာနှင့် ခိုင်းနှိုင်း

အိန္ဒိယဝန်ကြီးချုပ် မိုဒီအား ပါကစ္စတန်ဝန်ကြီးချုပ်က ဟစ်တလာနှင့် ခိုင်းနှိုင်း

အစ္စလာမ္မာဘတ်၊ သြဂုတ် ၁၅ ။            ။ ဂျမ်မူးနဲ့ ကက်ရှ်မီးယားဒေသ အထူးကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ဖျက်သိမ်းလိုက်တာအတွက် အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီကို ပါကစ္စတန်ဝန်ကြီးချုပ် အမ်မရန်ခန်းက ဟစ်တလာနဲ့ ခိုင်းနှိုင်းပြီး ပြောဆိုလိုက်ပါတယ်။

ဒါအပြင်လည်း ပါကစ္စတန်ပိုင်နက်အပေါ် ကျူးလွန်လာတဲ့ ဘယ်လို တိုက်ခိုက်မှုမျိုးကိုမဆို ဆယ်ဆတုံ့ပြန်သွားမယ်လို့ အမ်မရန်ခန်းက သတိပေးပါတယ်။

“မိုဒီရဲ့ လုပ်ဆောင်ချက်ဟာ ဟစ်တလာရဲ့ နောက်ဆုံးဆုံးဖြတ်လုပ်ဆောင်ချက်အတိုင်းပဲ။”လို့ ပါကစ္စတန်ထိန်းချုပ်ရာ ကက်ရှ်မီးယားက ပြည်နယ်လူထုစုရုံးပွဲတစ်ရပ်မှာ ဝန်ကြီးချုပ်အမ်မရန်ခန်းက ပြောပါတယ်။

ဗြိတိသျှလက်အောက်ခံခေတ် အိန္ဒိယကနေ လွတ်လပ်ရေးခွဲထွက်တဲ့ ပါကစ္စတန်ရဲ့ ၇၂ နှစ်မြောက် လွတ်လပ်ရေးနေ့ ကျင်းပရာ အခမ်းအနားမှာ အမ်မရန်ခန်းက ပြောလာတာပဲ ဖြစ်ပါတယ်။

လွတ်လပ်ရေး ခွဲထွက်ချိန်ကစလို့ ကက်ရှ်မီးယားဒေသဟာ ပါကစ္စတန်နဲ့ အိန္ဒိယနိုင်ငံကြားမှာ အငြင်းပွားနယ်မြေအဖြစ် ကျန်ရစ်ခဲ့ပြီး စစ်ပွဲနှစ်ကြိမ်တိုင် ခင်းထားတာလည်း ဖြစ်ပါတယ်။

“ဟစ်တလာရဲ့ မောက်မာစိတ်ကြီးဝင်တာနဲ့ မိုဒီရဲ့ စိတ်ကြီးဝင်နေတာက ဘာမှ ကွာခြားမှု မရှိဘူး။”လို့ အမ်မရန်ခန်းက ထပ်လောင်းပြောရင်း ဟိန္ဒူအစွန်းရောက်ဝါဒကို နာဇီဝါဒနဲ့လည်း ခိုင်းနှိုင်းပြောဆိုခဲ့ပါတယ်။

အိန္ဒိယနိုင်ငံဟာ ကက်ရှ်မီးယားဒေသကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ပေးထားတဲ့ ဥပဒေကို ပြီးခဲ့တဲ့ ရက်ပိုင်းက ဖျက်သိမ်းလိုက်ပြီး အိန္ဒိယဖွဲ့စည်းပုံနဲ့ ကျန်ဒေသတွေလိုပဲ တပြေးညီ ကျင့််သုံးလာတာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်ပွားပေါ်ပေါက်နေခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly