ကိုကိုနဲ့ ညီညီတို့၏ဓာတ်ပုံကိုကြည့်ကာကျူးလွန်သူများဖြစ်သည်ဟု ဗစ်တိုးရီးယားဆို

ကိုကိုနဲ့ ညီညီတို့၏ဓာတ်ပုံကိုကြည့်ကာကျူးလွန်သူများဖြစ်သည်ဟု ဗစ်တိုးရီးယားဆို

နေပြည်တော်၊ သြဂုတ် ၁၄ ။            ။ ဗစ်တိုးရီးယားအမှုအတွက် ကျူးလွန်သူများမှာ ကိုကိုနှင့်ညီညီ ဖြစ်သည်ဟု ကလေးငယ်က ဓာတ်ပုံများကို ကြည့်၍ ရွေးချယ်ခဲ့ကြောင်း အမှုအတွက် စွပ်စွဲခံရသည့် အောင်ကြီးဘက်မှ လိုက်ပါဆောင်ရွက်ပေးနေသော တရား လွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က ပြောသည်။

လိင်အကြမ်းဖက်ခံရသော သုံးနှစ်အရွယ် သမီးငယ် ဗစ်တိုးရီးယားအမှုအတွက် လေးကြိမ်မြောက်ရုံးချိန်းကို သြဂုတ်လ ၁၄ ရက်နေ့က နေပြည်တော်ရှိ ဒက္ခိဏခရိုင်တရားရုံးမှာ ပြုလုပ်ခဲ့ပြီး ဗစ်တိုးရီးယား၏ ဖခင်ဖြစ်သူက သက်သေခံအဖြစ် ဗီဒီယိုဖိုင်တစ်ခုကို တင်သွင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါ ဗီဒီယိုဖိုင်တွင် ကျူးလွန်သူများနှင့် ပတ်သက်၍ ကလေးငယ်အား နှင်းနု၊ ကိုကို၊ ညီညီ၊ အောင်ကြီးနှင့် ကိုကိုညီညီအတွဲ ရုံးထားသော ဓာတ်ပုံ ငါးပုံကို ပြ၍ ရွေးချယ်စေခဲ့ရာ ဗစ်တိုးရီးယားက ကိုကိုညီညီအတွဲ ရိုက်ထားသော ပုံကို ရွေးချယ်ကာ ခဲတံဖြင့် ထိုးခြင်း၊ ဓာတ်ပုံကို ကန်ကြောက်ခြင်း များ ပြုလုပ်ခဲ့သည်ဟု ဒေါ်စုဒါလီအောင်က ဆိုသည်။

“ဓာတ်ပုံငါးပုံချပြတယ်။ အဲ့အထဲမှာ ဘယ်သူလုပ်တာလဲဆိုပြီး ရွေးခိုင်းတယ်။ကိုကိုညီညီကို ကလေးက ခဲတံနဲ့ ထိုးတယ်။ သူ့ကို ရိုက်ပစ် ကန်ပစ်ဆိုပြီးပြောတယ်။ အောင်ကြီးပုံပြပြီးမေးတဲ့အခါမှာ ကလေးက သူ့ကိုလုပ်တဲ့လူ မဟုတ်ဘူးလို့ ဖြေတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဒေါ်စုဒါလီအောင်က ပြောသည်။

ယခုရုံးချိန်းတွင် တင်သွင်းခဲ့သော ဗီဒီယိုဖိုင်ကို တရားရုံးက သက်သေခံအဖြစ် လက်ခံခဲ့ကြောင်း သိရပြီး ဗစ်တိုးရီးယားအမှုအတွက် အမှန်တရားပေါ်ပေါက်ရန် နီးစပ်သည့် အခြေအနေသို့ ရောက်ရှိလာပြီဟုတရားခွင်မှ ထွက်လာသော ရှေ့နေတချို့က သုံးသပ်ကြသည်။

“အမှုမှန်ပေါ်ပေါက်ဖို့အတွက်ကတော့ အောင်ကြီးပေါ်မှာ ဟန်ထရွက်ပါစင့် ယုံတယ်။ အမှုမှန်ပေါ်တော့မယ်လို့ ထင်တယ်။”ဟု ဒေါ်စုဒါလီအောင်က ဆက်ပြောသွားသည်။

အဆိုပါအမှုအတွက် နောက်တစ်ပတ်ရုံးချိန်းကို သြဂုတ်လ ၂၈ရက်နေ့သို့ ပြန်လည်ချိန်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly