KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်၏ မိခင် ကွယ်လွန်

By ကရိုင်းနူးရာ
14 August 2019
KIA ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်၏ မိခင် ကွယ်လွန်

ရန်ကုန် ၊ သြဂုတ် ၁၄ ။         ။ KIA ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်၏ မိခင်ဖြစ်သူ ဆရာမကြီးဒေါ်ဂလောင်းဆောင်းလွီ အသက်(၈၄) နှစ်သည် သြဂုတ်လ ၁၂ ရက်နေ့ ည၁၁ နာရီအချိန်ခန့်က ကချင်ပြည်နယ် မြစ်ကြီးနားမြို့၊ စီတာပူရပ်ကွက်ရှိ သူမ၏ နေအိမ်၌ ကွယ်လွန်ခဲ့ကြောင်း သိရသည်။

ဒုတိယဗိုလ်ချုပ်ကြီးဂွန်မော်ကလည်း "အမေ....အဝေးကနေပဲ အသံမကြားရပေမယ့် အမေလို့ ခေါ်လိုက်ပါတယ် ''ဟု ၄င်း၏မိခင်မကွယ်လွန်ခင် သြဂုတ်လ ၁၁ရက်နေ့က ၎င်း၏ လူမှုကွန်ရက်စာမျက်နာတွင် ကချင်ဘာသာ ဖြင့် ရေးသားခဲ့သည်။

၎င်း၏မိခင်ကြီးသည် သူနာပြုဆရာမကြီးတစ်ဦးအဖြစ် မြန်မာနိုင်ငံ အနယ်နယ်အရပ်ရပ်တွင် တာဝန် ထမ်းဆောင်ခဲ့သူ တစ်ဦးလည်း ဖြစ်သည်။

ဆရာမကြီးဒေါ်ဂလောင်းဆောင်းလွီ၏ ရုပ်ကလပ်ကို သြဂုတ်လ ၁၅ရက်နေ့တွင် ခရစ်ယာန်ဘာသာအရ နောင်နန်းရှိ ဝန်ပေါင်ခရစ်ယာန် သင်္ချိုင်းသို့ ပို့ဆောင် မြုပ်နှံသွားမည်ဖြစ်ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required