အမျိုးသားကြိုက် ပလေးဘွိုင်းမဂ္ဂဇင်းက ဖော်ထားသော အမျိုးသမီးကိုယ်လုံးတီးပုံများ ထည့်သွင်းဖော်ပြမှု ရပ်ဆိုင်းမည်

အမျိုးသားကြိုက် ပလေးဘွိုင်းမဂ္ဂဇင်းက ဖော်ထားသော အမျိုးသမီးကိုယ်လုံးတီးပုံများ ထည့်သွင်းဖော်ပြမှု ရပ်ဆိုင်းမည်

ဝါရှင်တန်၊ အောက်တိုဘာ ၁၃ ။             ။ ၁၉၅၃ခုနှစ်က  လိင်ဆွဲဆောင်မှုပြင်းပြလှသည့် မာရီလင်မွန်ရိုး၏ မျက်နှာဖုံးဖြင့် စတင်ထုတ်ဝေခဲ့သော အမျိုးသားကြိုက်မဂ္ဂဇင်းကြီး ပလေးဘွိုင်းက အပြည့်အဝနီးကပ်စွာဖော်ထားသော အမျိုးသမီးကိုယ်လုံးတီးပုံများ ထည့်သွင်းဖော်ပြမှုအား ရပ်ဆိုင်းတော့မည်ဖြစ်သည်။

လွန်ခဲ့သည့်လက မဂ္ဂဇင်းထိပ်တန်းအယ်ဒီတာတစ်ဦး တည်ထောင်သူ ဟူးဟက်ဖ်နာနှင့် ပလေးဘွိုင်းအိမ်ကြီးရခိုင်တွင် တွေ့ဆုံပြီးနောက် ယင်းသို့ပုံများမထည့်တော့ရန် ဆုံးဖြတ်ချက်ပေါ် လာခဲ့ခြင်းဖြစ်သည်ဟု အမှုဆောင်ချုပ်စကော့ဖလန်ဒါစ်က ပြောသည်။ 

မတ်လမှစကာ ပလေးဘွိုင်း၏ ပုံနှိပ်ထုတ်ဝေမှုတွင် အမျိုးသမီးများ၏ ရမ္မက်နိုးဆွသောပုံများပါနေဦးမည်ဖြစ်သော်လည်း ၎င်းပုံများက ကိုယ်လုံးတီးမဟုတ်တော့ဟု ဖလန်ဒါစ်က နယူးယောက်တိုင်းမ် သို့ ပြောကြားခဲ့သည်။ ထို့အပြင် ယင်းကဲ့သို့ပုံများမှာ အင်တာနက်ခေတ်တွင် ခေတ်မစားတော့ဟုလည်း ၎င်းကထပ်မံပြောကြားခဲ့သည်။.

ယင်းသို့အမျိုးသမီးများ၏ ကိုယ်လုံးတီးပုံများပြသခြင်းအား မသင့်လျော်ဆိုသည့်တားမြစ်မှုအား ချိုးဖောက်ခြင်းဖြင့် နေရာရလာသော မဂ္ဂဇင်းတစ်စောင်အတွက် ယင်းသို့ပုံများ မဖော်ပြတော့ ရန်ဆုံးဖြတ်မှုမှာ ထူးခြားသည့် အလှည့်အပြောင်းတစ်ခုဖြစ်သည်။

သို့သော်လည်း ယခုအခါ ညစ်ညမ်းပုံများမှာ အွန်လိုင်းတွင် အဆင်သင့်ကြည့်ရှုနိုင်ပြီဖြစ်ပြီး ဆက်စပ်ကိရိယာအမျိုးမျိုးမှတဆင့်လည်း ကြည့်ရှုနိုင်ပြီဖြစ်ရာ ပလေးဘွိုင်း၏ ပုံနှိပ်ကော်ပီများ၏ ရောင်းအားမှာ နည်းသထက်နည်းလာခဲ့သည်။ မဂ္ဂဇင်းစောင်ရေမှာ ၁၉၇၅ခုနှစ်က ၅ဒသမ၆သန်းရှိခဲ့ရာမှ ယခုအခါ ၈၀၀,၀၀၀သာရှိတော့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly