ရက်ပိုင်းအတွင်းက ဖြစ်ပွားခဲ့တဲ့ သဘာဝဘေးဒဏ်ကြောင့် မွန်ပြည်နယ်မှာ ကျောင်းသား၊ကျောင်းသူ သေဆုံးမှု ၁၆ ဦး ရှိပြီဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောပါတယ်။
သြဂုတ်လ ၁၃ ရက်နေ့က ပြည်ထောင်စုလွှတ်တေ်ာ အစည်းအဝေး ခေတ္တရပ်နားချိန်မှာ မီဒီယာများရဲ့ မေးမြန်း မှုကို ပြန်လည်ဖြေကြားခဲ့တာပါ။
လက်ရှိမှာတော့ သဘာဝဘေးဒဏ်သင့်ဒေသတွေမှာ ကျောင်းပေါင်း ၇၀ ကျော်ကို ပိတ်ထားရပြီး ရေပြန် ကျသွားပါက အစားထိုးပြန်လည်သင်ကြားမှုတွေ လုပ်ဆောင်ပေးသွားမယ်လို့ သိရပါတယ်။
လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးဌာနရဲ့ စာရင်းများအရ ရေဘေးသင့် အိမ် ထောင်စု ၃၉၀၀၀ ကျော်မှာ လူဦးရေ ၁၈၀၀၀၀ ကျော် ရှိပြီး၊ သေဆုံးသူ ၅၈ ဦးထိရှိကြောင်း သိရပါတယ်။
ရိုက်ကူး - အောင်မြတ်သူ