ဟောင်ကောင်လေဆိပ် ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ပြင်းပြင်းထန်ထန် ဖြိုခွင်း

ဟောင်ကောင်လေဆိပ် ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က ပြင်းပြင်းထန်ထန် ဖြိုခွင်း

ဟောင်ကောင်၊ သြဂုတ် ၁၄ ။           ။ ဟောင်ကောင်လေဆိပ်မှာ ထိုင်သပိတ်ဆင်နွှဲတဲ့ နှစ်ရက်မြောက်နေ့ အင်္ဂါနေ့မှာ ရဲတပ်ဖွဲ့ဟာ ဒီမိုကရေစီထောက်ခံတဲ့ ဆန္ဒပြသမားတွေကို ပြင်းပြင်းထန်ထန် ဖြိုခွင်းလာပါတယ်။

ဝရုန်းသုန်းကား အခြေအနေဖြစ်ပေါ်စေပြီး လေယာဉ်ခရီးစဉ်တွေလည်း ရပ်ဆိုင်းခဲ့ရတဲ့ ဒီထိုင်သပိတ်ကို ရဲက ငရုတ်ရည်ဖျန်းဆေးတွေ သုံးပြီး လူစုခွဲပါတယ်။

ပိတ်ဆို့မှုတွေ လုပ်ဆောင်ပြီး ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ရိုက်နှက်ဖြိုခွင်းမှုရာမှာ တရုတ်ပြည်မကြီးက သတင်းထောက်တစ်ဦးလည်း ရိုက်နှက်ခံခဲ့ရပါတယ်။

ဟောင်ကောင်ခေါင်းဆောင်က ဆန္ဒပြသူတွေဟာ ပြန်လမ်းမရှိတဲ့ လမ်းဆီ ဦးတည်နေပြီလို့ သတိပေးတာကို အာခံရင်း ဆက်လက်ဆန္ဒပြကြတာလည်း ဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဟောင်ကောင်နယ်စပ်ဆီ တရုတ်တပ်တွေ တပ်ရွှေ့ထားကြောင်း ထောက်လှမ်းရေးသတင်းတွေ ရထားတယ်လို့ ထုတ်ဖော်ပြောရင်း အခြေအနေကို အေးအေးချမ်းချမ်း ဖြေရှင််းဖို့ တိုက်တွန်းလာပါတယ်။

ကမ္ဘာ့ လူအစည်ကားဆုံး လေဆိပ်တွေက တစ်ခုဖြစ်တဲ့ ဟောင်ကောင်လေဆိပ်မှာ အခု ထိုင်သပိတ်ဆင်နွှဲမှုဟာ ဆန္ဒပြသူတွေကြား သူလျှိုတွေ၊ အယောင်ဆောင်ရဲတွေ စိမ့်ဝင်နေကြောင်း တွေ့ရှိပြီးနောက်မှာ စိတ်ဆိုးဒေါသထွက်ကြပြီး တင်းမာမှု ပိုအရှိန်ခဲ့တာ ဖြစ်ပါတယ်။

တရုတ်ပြည်မကြီးဆီ တရားခံလက်လွှဲပေးအပ်တဲ့ ဥပဒေကြမ်းကို ဟောင်ကောင်အစိုးရက အတည်ပြုဖို့ လုပ်ဆောင်လာတာအပေါ် ဆန့်ကျင်တဲ့ ဆန္ဒပြမှုတွေဟာ အဲဒီ ဥပဒေကို အာဏာပိုင်တွေက ဖျက်သိမ်းပေးလိုက်ပြီးပေမယ့် မငြိမ်းနိုင်ဘဲ ဒီမိုကရေစီ တောင််းဆိုတဲ့ ဆန္ဒပြပွဲတွေအဖြစ် ဆက်လက်ဖြစ်ပွားနေတာပဲ ဖြစ်ပါတယ်။

 
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly