သဲဖြူကုန်းကျေးရွာ မြေပြိုကျမူတွင် သေဆုံးသူ ရုပ်အလောင်း ၆၄ ဦးအထိတွေ့ရှိ

သဲဖြူကုန်းကျေးရွာ မြေပြိုကျမူတွင် သေဆုံးသူ ရုပ်အလောင်း ၆၄ ဦးအထိတွေ့ရှိ
ဓာတ်ပုံ - LYNN BO BO/EPA

မော်လမြိုင် ၊ သြဂုတ်လ ၁၃ ။           ။ မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းမော်လမြိုင်- ရန်ကုန်အဝေးပြေးကားလမ်းမကြီးပေါ်ရှိ သဲဖြူကုန်းကျေးရွာ အပေါ်ကုလားမတောင်တန်း ၏ မလတ်တောင် မြေပြိုကျမူဖြစ်စဉ်တွင် ရုပ်လောင်း ၆၄ လောင်းအထိတွေ့ရှိ ထားကြောင်း သိရသည်။

သြဂုတ်လ၉ ရက်နေ့ နံနက်ပိုင်းက မိုးသန်းထန်စွာရွာသွန်းမူနှင့်အတူ ကုလားမတောင်တန်း၏ မလတ်တောင် မြေပြိုကျမူကြောင့် သဲဖြူကုန်းကျေးရွာရှိ နေအိမ်၂၇ လုံးပေါ်သို့ မြေများပိမိခဲ့ခြင်းဖြစ်ပြီး သြဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းအချိန်ထိ သေဆုံးသူ ရုပ်အလောင်း ၆၄ လောင်းကို ရှာဖွေတွေ့ရှိထားကြောင်း ရှာဖွေကယ်ဆယ်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။

အဆိုပါနေအိမ် ၂၇ လုံးတွင် လူဦးရေ ၁၆၉ ဦးနေထိုင်ခဲ့ပြီး လက်ရှိအချိန်အထိ သေဆုံးသည့်ရုပ်အလောင်း ၆၄ ဦး၊ ဆေးရုံတက်နေရသည့်လူနာ ၁၈ ဦး၊ အသက်ရှင်ကျန်ရှိသည့်လူဦးရေ ၈၇ ဦးရှိကြောင်း သိရသည်။ ထို့အပြင် ယင်းသေဆုံးမှုများ၌ ပြင်ပမှ သေဆုံးသူ ၈ဦးပါဝင်နေကြောင်း သိရသည်။

မြေပြိုကြမူဖြစ်စဉ်တွင် မော်တော်ယာဉ်စုစုပေါင်း ၁၃ စီးလည်း ပျက်စီးဆုံးရူံးခဲ့ကြောင်း သိရပြီး ကျန်ရှိသည့် ရုပ် အလောင်းများအတွက် လူမူကယ်ဆယ်ရေးအဖွဲ့ဝင်များက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက် နေကြောင်း သိရသည်။

အဆိုပါ မြေပြိုကျမှုတွင် သဘာဝဘေးသင့်ခဲ့သော ပြည်သူများအတွက် ပေါင်မြိုနယ်တွင် ကူညီကယ်ဆယ် ထောက်ပံ့ရေးစခန်း ဖွင့်ထားပြီး အလှူရှင်များက လာရောက်လှူဒါန်းလျက်ရှိကြောင်း သိရသည်။ ထို့အပြင် ပြန်လည်ထူထောင်ရေးအတွက် ပြည်နယ်အစိုးရမှမြေများ ပြန်လည်ပေးအပ်သွားမည် ဟုသိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly