မုတ်သုံရာသီ ရေကြီးရေလွှမ်းမှုတွေကြောင့် အိန္ဒိယမှာ သေဆုံးသ ၁၈၄ ဦး ရှိ

မုတ်သုံရာသီ ရေကြီးရေလွှမ်းမှုတွေကြောင့် အိန္ဒိယမှာ သေဆုံးသ ၁၈၄ ဦး ရှိ

နယူးဒေလီ၊ သြဂုတ် ၁၃ ။       ။ အိန္ဒိယမှာ မုတ်သုံရာသီ ရေကြီးရေလွှမ်းမှုတွေအတွင်း သေဆုံးသူဦးရေဟာ ၁၈၄ ဦးအထိ မြင့်တက်လာတဲ့အချိန်မှာပဲ အာဏာပိုင်တွေဟာ အရေးပေါ်ကယ်ဆယ်ရေးစခန််းတွေဆီ ပြောင်းရွှေ့ပေးခဲ့ရတဲ့ ရေဘေးကြုံပြည်သူပေါင်းက တစ်သန်းဝန်းကျင် ရှိနေပါတယ်။

ပင်လယ်ကမ်းခြေတွေ၊ ကုန်းမြင့်အပန်းဖြေစခန်းတွေနဲ့ ရေကန်တွေကြောင့် ကမ္ဘာလှည့်ခရီးသွားတွေ အလာများရာ တောင်ပိုင်း ကီရာလာပြည်နယ်ဟာ အဆိုးဆုံး ရေဘေးကြုံနေရာ ပြည်နယ်ဖြစ်ပြီး ဒီပြည််နယ်အတွက် အခုရေဘေးဟာ နှစ်နှစ်ဆက်တိုက် ကြုံရတဲ့ သဘာဝဘေးဒုက္ခလည်း ဖြစ်ပါတယ်။

ဒီ ပြည််နယ်အတွင်းက ၀ါယန်နက်၊ မာလာပူရမ်နဲ့ ကိုဇီကော့ခရိုင်တွေဟာ ရေဘေးအဆိုးဆုံး ကြုံတွေ့နေပြီး လူပေါင်း ၂၈၈၀၀၀ နီးပါးဟာ ကယ်ဆယ်ရေးစခန်းတွေဆီ ရွှေ့ပြောင်းကြရပါတယ်။

အခု ရေဘေးမှာ ပျောက်ဆုံးနေသူတွေ များစွာ ရှိနေသေးတာကြောင့် သေဆုံးသူ ထပ်တိုးနိုင်တဲ့ စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ကယ်ဆယ်ရေး၊ ရှာဖွေရေး လုပ်ငန်းတွေကို စစ်တပ်၊ ရေတပ်နဲ့ လေတပ်တို့က အင်အားတွေပါ ဖြန့််ကြက်ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်လျက် ရှိနေပါတယ်။

မိုးခေါင်ရေရှားရာ အိန္ဒိယမှာ မုတ်သုံမိုးဟာ ရေပေးဝေမှုအတွက် အသက်တမျှ အရေးကြီးပေမယ့် နှစ်စဉ် မုတ်သုံရာသီတိုင်း နိုင်ငံတစ်ဝန်းမှာ ရေကြီးမြေပြိုမှုတွေကြောင်း ရာနဲ့ချီပြီး သေဆုံးနေရပါတယ်။

ပြီးခဲ့တဲ့နှစ်က ကီရာလာပြည်နယ်ဟာ နှစ်တစ်ရာနီးပါးအတွင်း ရေကြီးမှု အဆိုးဝါးဆုံး ရင်ဆိုင်ခဲ့ရပြီး လူပေါင်း ၄၅၀ နီးပါး သေဆုံးခဲ့ပါတယ််။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly