မာရ်အောင်ကျေးရွာအပါအဝင် ရွာ ခြောက်ရွာတွင် လူဦးရေ နှစ်ထောင် ကျော် ရေဘေးသင့်

မာရ်အောင်ကျေးရွာအပါအဝင် ရွာ ခြောက်ရွာတွင် လူဦးရေ နှစ်ထောင် ကျော် ရေဘေးသင့်

ရေး၊ သြဂုတ်လ ၁၂ ။         ။ မွန်ပြည်နယ်၊ ရေးမြို့နယ် အတွင်းရှိ မာရ်အောင်ကျေးရွာ ကံလှကျေးရွာ ကင်းမွန်ကျေးရွာ ဖားကြီးကျေးရွာ အဒိန်းကျေးရွာမှ လူဦးရေ ၂၁၃၄ ဦးရေဘေးသင့်နေသည်။

သြဂုတ်လ ၉ ရက်နေနှင့် ၁ဝရက်နေ့ များတွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် အတူ တောင်ကျရေ များဝင်ရောက်ခြင်းကြောင့် ဒေသခံပြည်သူများ ရေဘေးသင့်ခဲ့ခြင်း ဖြစ်သည်။

"တောင်ကျရေပေါ့ ဒီမာရ်အောင်ရွာကို ကိုအကုန်မြုပ်တယ်။ တစ်ရွာလုံးမြုပ်တယ်။ တစ်ရွာလုံးမြုပ်တော့အိမ်တွေအကုန်မြုပ်တယ်။ ကမ်းနားပိုင်းကအကုန်လုံးပြိုတယ်။ ပစ္စည်းတွေအကုန်မျောတယ် " ဟု မာ်ရ်အောင်ကျေးရွာမှ ဒေသခံဖြစ်သူ စောလှမြင့်က ပြောသည်။

အဆိုပါ ရေးကြီးနစ်မြုပ်မှုကြောင့် ဒေသခံများအနေဖြင့် စားဝတ်နေရေး အခက်အများကြုံတွေနေရကြောင်း သိရသည်။

"အဓိကမာရ်အောင်ကျေးရွာမှ အိမ်ခြေ ၂၈၀ ရှိတယ်။ရေနှစ်မြုပ်တာက ၁၄၀ ။အဲဒီမှပထမဦးဆုံအနေနဲ့ ဆန်အိတ်တွေမားမားတွေ ရေသန့်တွေ အဲဒါတွေ ကနဦးအနေနဲ့သွားရောက်ထောက်ပံ့ပါတယ်။ ကျေးရွာက တောင်ကျရေကြောင့် ရေကြီးနစ်မြုပ်မှုတွေဖြစ်တယ်။ ဒုတိယနေရာက ကျောင်းရွာပေါ့ ဒုက္ခသည်ပေါင်း ၁၃၀၀ ကျော်ရှိတယ်။အဲဒီမှာ လိုအပ်တဲ့ ခေါက်ဆွဲခြောက်တွေ ဆန်အိတ်တွေ ဆေးတွေ  အိမ်တွေကအလုံးလိုက်မျောသွားတဲ့အိမ်အလုံး ၃၃ လုံးရှိပါတယ်။ အိမ်၃၃ လုံးကို ကျနော်တို့အဖွဲ့က နှစ် သောင်းနှုန်းနဲ့ အခြားအဖွဲ့တွေပေါင်းပြီး  တစ်အိမ်ကို လေး သောင်းနှုန်း ထောက်ပံ့ပေးပါတယ် " ဟု မော်လမြိုင်အခြေစိုက် ဘိုဘိုဝင်းလူမူထောက်ကူ ကယ်ဆယ်ရေးအဖွဲ့မှ ကိုဘိုဘိုဝင်းက မီဒီယာများကိုပြောသည်။

ကျောင်းရွာ ကံလှ ကင်းမွန် ဖားကြီး အဒိန်းခြံစုတွင် နေအိမ် ၃၀၆ အိမ်ရေနစ်မြုပ်ခဲ့ပြီး အိမ်ပျက်စီးမှု ၄၂ လုံးနှင့် လူဦးရေ ၁၃၉၆ ဦး ရေဘေးသင့်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly