ပြင်သစ်မှာ ရှားပါး ခြင်္သေ့ဖြူလေး နှစ်ကောင် မွေး

ပြင်သစ်မှာ ရှားပါး ခြင်္သေ့ဖြူလေး နှစ်ကောင် မွေး

သြဂုတ် ၁၂ ။        ။ ပြင်သစ် နိုင်ငံ အနောက်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့လက ရှားပါး ခြင်္သေ့ဖြူ အကောင်ပေါက်လေး နှစ်ကောင် မွေးခဲ့ကြောင်း သိရပါတယ်။

နာလာ နဲ့ ဆင်ဘာ လို့ အမည်ပေးထားတဲ့ အဆိုပါ ခြင်္သေ့ဖြူ နှစ်ကောင်ကတော့ ယခု ၂၀၁၉ ဇူလိုင်လ ၂၈ ရက်က ရိုအန်း မြို့ အနီးမှာ ရှိတဲ့ “Caresse de Tigre” အဖွဲ့အစည်းမှာ မွေးလာတာဖြစ်ပါတယ်။

၎င်းတို့ကိုတော့ Disney ရဲ့ The Lion King ထဲက ဇာတ်ကောင်တွေ နာမည်တွေကို ပေးထားခဲ့တယ်လို့ သိရပါတယ်။

“Caresse de Tigre” အဖွဲ့ကတော့ ဆပ်ကပ် ပညာရှင် နှစ်ဦး ဦးစီးတည်ထောင်ထားတဲ့ အဖွဲ့အစည်းတစ်ခု ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly