တက္ကဆက် တက္ကသိုလ်များတွင် လက်နက်ယူခွင့်ပြုသည့် ဥပဒေကို ဆန့်ကျင်

တက္ကဆက် တက္ကသိုလ်များတွင် လက်နက်ယူခွင့်ပြုသည့် ဥပဒေကို ဆန့်ကျင်

ကျောင်းသားကျောင်းသူများက လက်နက်အစား လိင်အဂါၤတုများ ယူဆောင်ဆန္ဒပြရန် စီစဉ်ထားကြ

အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်တွင် တက္ကသိုလ်ကျောင်းဝင်းများအတွင်း လက်နက်ဖုံးကွယ်သယ်ဆောင်ယူလာခွင့် ဥပဒေကို ဆန့်ကျင်သည့်အနေဖြင့် ကျောင်းသားကျောင်းသူများက လွယ်အိတ်များတွင် လိင်အဂါၤတုများထည့်ကာ သယ်ဆောင်လာကြပြီး ဆန္ဒပြရန် စီစဉ်လျက်ရှိနေသည်။

"ကျောင်းခန်းတွေထဲ ကျွန်မတို့ လက်နက်ယူလာရမှာလား။ ဒါဆိုကောင်းပြီလေ ယောက်ကျားလိင်တံတုကြီးပဲ သယ်တော့မယ်။"ဟု ဆန္ဒပြမှု  Campus (DILDO) Carry (လိင်တံတုယူလာရေးလှုပ်ရှားမှု)ကို စီစဉ်ကျင်းပသူ ဂျက်စီကာဂျင်းက ဖေ့ဘုတ်ပေါ်တွင်ရေးသားသည်။

ယင်းဆန္ဒပြသမှုတွင် ပါဝင်ရန် လူပေါင်း ၃၀၀၀ ဝန်းကျင်သဘောတူလက်မှတ်ထိုးပြီး ကျောင်းသို့ လက်နက်ကိုင်ဆောင်ခွင့်ဥပဒေအသက်ဝင်မည့် အချိန် နောက်နှစ်တွင် စတင်ကာ ယင်း Campus (DILDO) Carry လှုပ်ရှားမှုကို ပြုလုပ်ကြမည်ဖြစ်သည်။

လက်နက်ကိုင်ဆောင်ခွင့်ကို လိုလားသူများက ယင်းအုပ်စု၏ ဖေ့ဘုတ်ပေါ် စတင်လှုပ်ရှားကာ အပြစ်ပြောဆိုနေမှုများအား ဝေဖန်ကြသည်။

တက္ကဆက်ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရတ်အဘော့က ဇွန်လအတွင်းက တက္ကသိုလ်ကျောင်းများ လက်နက်ကိုင်ဆောင်ခွင့် ဥပဒေတစ်ရပ်ကို စတင်တင်သွင်းလာခြင်းဖြစ်သည်။ ယင်းဥပဒေအောက်တွင် တက္ကသိုလ်အဓိပတိများအနေဖြင့် လက်နက်ကင်းမဲ့နယ်မြေကို ကိုယ်ပိုင်စိတ်ကြိုက် သတ်မှတ်ခွင့်ပေးထားသည်။

Ref ;BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly