‘အမှားတွေ မပြုလုပ်ပါနဲ့။’ - VAR အပေါ် စိုးရိမ်မှုရှိနေတဲ့ ဂွာဒီယိုလာ

‘အမှားတွေ မပြုလုပ်ပါနဲ့။’ - VAR အပေါ် စိုးရိမ်မှုရှိနေတဲ့ ဂွာဒီယိုလာ
Photos: AFP & EPA

အငြင်းပွားဖွယ်ရာတွေကို VAR စနစ်နဲ့ ဆုံးဖြတ်ချက်ရယူရာမှာ အမြဲတမ်း မှန်ကန်ခဲ့မယ်ဆိုရင် VAR ဟာ တစ်ခုတည်းသော အသုံးဝင်မှုဖြစ်လာလိမ့်မယ်လို့ ဂွာဒီယိုလာက ပြောပါတယ်။

ဝက်စ်ဟမ်းကို မန်ချက်စတာစီးတီးက (၅-၀) ဂိုးနဲ့ အနိုင်ရတဲ့ပွဲမှာ ပွဲကို ရပ်ပြီး VAR ကို ကြိမ်ဖန်များစွာ ပြန်လည်သုံးသပ်ကြည့်ရှုပြီး ဆုံးဖြတ်ချက်ချခဲ့တာတွေကြောင့်ပါ။

ဂွာဒီယိုလာရဲ့ အသင်းဟာ သူတို့ရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ကာကွယ်ဖို့ ဝက်စ်ဟမ်းနဲ့ စတင် ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ပွဲစဉ်အဖွင့်ပွဲမှာ စတာလင်ရဲ့ ဟက်ထရစ်၊ ဂျီးဆပ်နဲ့ အဂူရိုတို့ဆီက ဂိုးတွေနဲ့အတူ ပြိုင်ဘက်အသင်းကို ဂိုးပြတ်ချေမှုန်းခဲ့ပါတယ်။

ဒါပေမယ့် ဂိုးပြတ်နိုင််ပွဲက အဓိက ပြောစရာမဟုတ်ဘဲ ပရီမီးယားလိဂ်ပွဲစဉ်တစ်ခုမှာ VAR ဟာ ပထမဆုံး အဓိကကျတဲ့ အကျိုးသက်ရောက်မှုကို ပြုလုပ်ခဲ့တာကြောင့်ပါ။

ဗီဒီယိုအကူဒိုင်နည်းပညာ (Video Assistant Referee technology) ကို အင်္ဂလန်မှာ ပြီးခဲ့တဲ့ အက်ဖ်အေဖလားနဲ့ လိဂ်ဖလားတို့မှာ အသုံးပြုခဲ့ပြီးနောက် ယခုနှစ်ရာသီ ပရီးမီးယားလိဂ်မှာ ပထမဆုံး စတင်အသုံးပြုနေတာဖြစ်ပါတယ်။

အထူးသဖြင့် ဒုတိယပိုင်းမှာ မန်စီးတီးတို့ နောက်ထပ် ဦးဆောင်ဂိုးရရှိခဲ့ပေမယ့် ဂျီးဆပ်ရဲ့ဂိုးဟာ စတာလင် လူကျွံနေခဲ့တယ်ဆိုပြီး VAR ပြန်ကြည့်ကာ ပယ်ဖျက်ခဲ့ပါတယ်။ ဒီဂိုးဟာတော့ ပရီးမီးယားလိဂ်ရဲ့ ပထမဦးဆုံး VAR ကို အသုံးပြုပြီး ပယ်ချခံခဲ့ရတဲ့ဂိုးအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ရပါတယ်။

ဒါ့အပြင် အဂူရိုရဲ့ ပင်နယ်တီ ကန်သွင်းရာမှာ ဝက်စ်ဟမ်းဂိုးသမား ကာကွယ်ခဲ့ပေမယ့် VAR ပြန်ကြည့်ရာမှာတော့ ဂိုးသမားက ဂိုးစည်းလိုင်းကို ခြေတစ်လှမ်းကျော်နေတာကို တွေ့လို့ အဂူရိုကို ပြန်ကန်စေပြါတယ်။

VAR ဟာ စတာလင်ရဲ့ ဒုတိယဂိုးကိုလည်း ဂိုးအဖြစ် သတ်မှတ်ခဲ့ပြီး ပွဲချိန်အစောပိုင်းက ဝက်စ်ဟမ်းရဲ့ ပင်နယ်တီ တောင်းဆိုမှုကိုတော့ VAR စနစ်က ပယ်ချခဲ့ပြန်ပါတယ်။

ဂွာဒီယိုလာက "ကျနော့်ရဲ့ တစ်ခုတည်းသော ဆန္ဒက ဘာလဲဆိုတော့ ကျေးဇူးပြုပြီး VAR ဟာ အမှားမပြုလုပ်ဖို့ပါပဲ။ လူကျွံနေတဲ့ချိန်မှာ ဒါဟာ လူကျွံတာပဲ။ ပင်နယ်တီဖြစ်တယ်ဆိုရင် ဒါဟာ ပင်နယ်တီဂိုးပါ။"လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

"စည်းမျဉ်းစည်းကမ်းတွေက စည်မျဉ်းစည်းကမ်းတွေပါပဲ။ ပြဿနာမရှိပါဘူး။ ဒါပေမယ့် တစ်ခုခုဟာ မှန်နေပြီး ခွင့်မပြုခဲ့ရင် ကျနော် စိတ်ပျက်မိလိမ့်မှာပါ။ နောက်ပြီး ဒါဟာ ကောင်းမွန်မှာ မဟုတ်ပါဘူး။"

"ကျနော် တစ်ခုတည်းသော စိုးရိမ်မိတာဟာ VAR က အမှားတစ်ခုပြုလုပ်မိတဲ့အခါဖြစ်ပါတယ်။ အရင်က ဒီလိုအမှားမျိုး မကြာခဏ ဖြစ်ခဲ့ဖူးပါတယ်။ ပြီးတော့ VAR ဟာ ဆုံးဖြတ်ချက်ချမှတ်ရာမှာ ဒိုင်အတွက် ပိုပြီး ကောင်းမွန်ပါတယ်။"

ပြီးခဲ့တဲ့ ရာသီ စပါးနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ စီးတီးအတွက် အဆုံးအဖြတ်ဖြစ်စေမယ့် စတာလင်ရဲ့ ဂိုးမှာ အဂူရိုလူကျွံတယ်ဆိုပြီး VAR ရဲ့ အဓိကဆုံးအဖြတ်ကြောင့် ပြိုင်ပွဲက ထုတ်ခွာခဲ့ရတဲ့ အတွေ့အကြုံမျိုး ဂွာဒီယိုလာမှာ ရှိနေခဲ့တာကြောင့်ပဲဖြစ်ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly