ကူညီကယ်ဆယ်ရေး ဘယ်လို လုပ်မလဲ

11 August 2019
ကူညီကယ်ဆယ်ရေး ဘယ်လို လုပ်မလဲ

“ ဒီနေရာမှာ အန္တရာယ်ရှိတဲ့နေရာအဖြစ် ကြိုးတားပြီး သတ်မှတ်ရမယ်။ အရပ်သားတွေ ရပ်ကြည့်နေတာကို မေတ္တာရပ်ခံပြီး လွတ်ရာကို ဖယ်ရလိမ့်မယ်။ အချိန်မရွေး ထပ်ဖြစ်နိုင်တယ်” - မင်းကိုနိုင် ( ၈၈ ငြိမ်း/ပွင့်) 

ရန်ကုန်-မော်လမြိုင်ကားလမ်းဘေးရှိ သဲဖြူကုန်းကျေးရွာသို့ တောင်ပြိုကျသော သဘာဝဘေးအန္တရာယ်ကြောင့် သေဆုံးသူ ၃၅ ဦး အထိ ရှိလာပြီး အဆိုပါနေရာသို့ ကူညီကယ်ဆယ်ရေးအဖွဲ့များ ရောက်ရှိလာခြင်း ဖြစ်သည်။

သြဂုတ် ၁၀ ရက်နေ့၊ ညနေ ၃ နာရီ ၄၅ မိနစ်ခန့်တွင် သေဆုံးသူ နှစ်ဦး၏ ရုပ်အလောင်းများအား ထပ်မံ ရှာဖွေတွေ့ရှိခဲ့ရာ ယခုအချိန်ထိ စုစုပေါင်းသေဆုံးသူ ၃၅ ဦး၏ ရုပ်အလောင်းများအား ရှာဖွေတွေ့ရှိခဲ့ပြီး လက်ရှိအချိန်ထိ ဒဏ်ရာရရှိသူ ၄၇ ဦးကို ကယ်ထုတ်ထားနိုင်ကြောင်း မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ ထုတ်ပြန်ထားသည်။

ရိုက်ကူး-နွန်နွန်
ရုပ်သံ-AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly