တေးသီချင်း အယ်လ်ဘမ်သစ် ထွက်ရှိမယ့်ရက်ကို လူမှုရေး မီဒီယာမှ ကြေညာခဲ့တဲ့ IU

တေးသီချင်း အယ်လ်ဘမ်သစ် ထွက်ရှိမယ့်ရက်ကို လူမှုရေး မီဒီယာမှ ကြေညာခဲ့တဲ့ IU

တောင်ကိုရီးယား အဆိုတော် IUသည် အောက်တိုဘာ ၁၂ ရက်က ၎င်း၏ ပထမဆုံး ရုပ်ပြောင် ဓာတ်ပုံနှင့်အတူ တေးသီချင်းအယ်လ်ဘမ် သစ်ထွက်ရှိမည့်ရက်ကို လူမှုရေး မီဒီယာမှ တစ်ဆင့် ကြေညာခဲ့သည်။

ဓာတ်ပုံတွင် IU သည်  အဖြူရောင်စွယ်တာ အင်္ကျီကို ဝတ်ဆင်ထားပြီး ခရမ်းရောင် ဖဲကြိုးများ ကို ၎င်း၏ ခန္ဓကိုယ်တွင် ရစ်ပတ်ထားကာ မျက်လုံးတစ်ဖက်ကို အပြာရောင် မျက်ကပ်မှန် တပ်ဆင် ထားပြီး တစ်ဖက်ကို အညိုရောင် မျက်ကပ်မှန် တပ်ဆင်ထားကာ ကင်မရာကို စူးစိုက်ကြည့်နေသည် ကို တွေ့ရသည်။

မကြာမီ ထွက်ရှိမည့် ၎င်း၏ တေးသီချင်း အယ်လ်သစ်သည်  CHAT _ SHIRE ဟု အမည်ပေး ထားပြီး အောက်တိုဘာ ၂၃ ရက်တွင် ထွက်ရှိသွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ တေးသီချင်း အယ်လ်ဘမ် သည် တစ်နှစ်ကျော် ကြာပြီးနောက်  IU ၏ ပထမဆုံး တစ်ကိုယ်တော် တေးသီချင်း အယ်လ်ဘမ် ဖြစ်လာမည် ဖြစ်သည်။ IUသည် ၂၀၁၄ ခုနှစ်မေလ ၎င်း၏ နောက်ဆုံး တေးသီချင်း အယ်လ်ဘမ်  A Flower Bookmard ကို ထွက်ရှိခဲ့သည်။

အွန်လိုင်းတွင် ဓာတ်ပုံများ ပျံ့နှံ့ခဲ့ပြီးနောက်  IU သည် မကြာသေးမီက အဆိုတော် ချောင်ကီ ဟာနှင့် ချစ်သူဖြစ်နေသည်မှာ နှစ်နှစ်နီးပါး ရှိနေပြီဖြစ်ကြောင်း ဝန်ခံ ပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly