ဗြိတိန်ပါမောက္ခ စီးပွားရေးနိုဘယ်ဆု ဆွတ်ခူး

ဗြိတိန်ပါမောက္ခ စီးပွားရေးနိုဘယ်ဆု ဆွတ်ခူး

ဗြိတိန်ပညာရှင်တစ်ဦးဖြစ်သူ အန်ဂတ်စ်ဒက်တန်အား ယခုနှစ် ၂၀၁၅ ခုနှစ်အတွက် ၎င်း၏ စားသုံးမှု၊ ဆင်းရဲမွဲတေမှုနှင့် ဖူလုံမှုဆိုင်ရာ အကဲဖြတ်သုတေသနလုပ်ငန်းစဉ်အတွက် စီးပွားရေးနိုဘယ်ဆု ချီးမြှင့်ခြင်းခံရသည်။

အသက် ၆၉ နှစ်ရှိ ဒက်တန်သည် ပရင့်စီတန်တက္ကသိုလ်မှ စီးပွားရေးနှင့် နိုင်ငံတကာရေးရာပါမောက္ခတစ်ဦးဖြစ်ပြီး ကမ်းဘရိတ်နှင့် ဘရစ္စတိုတက္ကသိုလ်တွင် ယခင်က လုပ်ကိုင်ခဲ့သူဖြစ်သည်။

၎င်း၏ သုတေသနလုပ်ငန်းစဉ်ကို ကျန်းမာရေး၊ ဖူလုံဝပြောရေးနှင့် စီးပွားရေးဖွံ့ဖြိုးမှုများအပေါ်တွင် ဦးစိုက်ကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။

ကုန်လွန်ခဲ့သည့်နှစ်များအတွင်း စီးပွားရေးနိုဘယ်ဆုရမည်ဟု အကြိမ်ကြိမ်ထင်ကြေးပေးခံရသူလည်းဖြစ်သည်။

လူမှုဖူလုံရေးကို တွန်းအားပေးမည့် စီးပွားရေးမူဝါဒများမချမှတ်မီနှင့် ဆင်ရဲမွဲတေမှု လျှော့ချရေးတို့အတွက် တစ်ဦးချင်းစားသုံးမှု ရွေးချယ်ခြင်းကို နားလည်သဘောပေါက်ရမည်ဖြစ်ပြီး ယင်းသို့ နားလည်ခြင်းဖြင့် ဖော်မြူလာထုတ် လုပ်ဆောင်ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း နိုဘယ်စီးပွားရေးသိပ္ပံကော်မတီက ပြောသည်။

"ဒီလိုတစ်ဦးချင်းစားသုံးမှုရွေးချယ်ခြင်းအပေါ်ကို ဒက်တန်က ကောင်းစွာသဘောပေါက်အောင် မြှင့်တင်ပေးလိုက်တာပါ။ ယင်းသို့နားလည်ခြင်းဖြင့် အသေးစား၊ အကြီးစားစီးပွားရေးနယ်ပယ်နဲ့ ဖွံ့ဖြိုးသောစီးပွားရေးလုပ်ငန်းများကို ဖော်ဆောင်ရာမှာ အထောက်အကူဖြစ်စေတဲ့ သုတေသနတစ်ရပ်ဖြစ်လို့ပါပဲ။"ဟု ကော်မတီက ထုတ်ပြန်ခဲ့သည်။

Ref ;BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly