ဖိလစ်ပိုင်တွင် ရွေးကောက်ပွဲမဲဆွယ်ကာလ စတင်

ဖိလစ်ပိုင်တွင် ရွေးကောက်ပွဲမဲဆွယ်ကာလ စတင်

ဖိလစ်ပိုင်တွင် နိုင်ငံရေးသမားများက မှတ်ပုံတင်ကြခြင်းများစတင်ပြုလုပ်ပြီး ရွေးကောက်ပွဲကာလသို့ အောက်တိုဘာ ၁၂ ရက်တွင် စတင်ရောက်ရှိပြီဖြစ်သည်။

မတည်ငြိမ်ကြမ်းတမ်းသည့် ဒီမိုကရေနိုင်ငံအဖြစ်နာမည်ကြီးသည့် ဖိလစ်ပိုင်ရွေးကောက်ပွဲ မဲဆွယ်ကာလ ခုနစ်လတာသည် အမြဲလိုပင် မတည်ငြိမ် ပဋိပက္ခများနှင့်   သွေးထွက်သံယိုဖြစ်မှု များသည့်   ရွေးကောက်ပွဲ မဲဆွယ်မှုများဖြစ်လေ့ရှိသည့် ကာလဖြစ်သည်။

အကျင့်ပျက်ခြစားမှုတိုက်ဖျက်ရေးဖြင့် နိုင်ငံတကာတွင် မျက်နှာပန်းလှခဲ့သူ လက်ရှိအာဏာရ လစ်ဘရယ်ပါတီမှ သမ္မတအကွီနို၏ အရိုက်အရာခံယူကာ သမ္မတလောင်းအဖြစ် အကွီနိုက ၎င်းနှင့် ရေရှည်မဟာမိတ်ရင်းနှီးခဲ့သူ မားရိုဟတ်စ်အား ရွေးချယ်ရန် တိုက်တွန်းဆော်သြထားသည်။

"လမ်းတစ်ဖြောင်းတည်းဆက်လက်သွားနိုင်ဖို့ လှုံ့ဆော်မှုပဲဖြစ်ပါတယ်။ မဲဆွယ်လှုံ့ဆော်မှုက ကျွန်တော်တို့ မျှော်လင့်ချက်တွေကို ဖြစ်လာနိုင်ဖို့ မွေးဖွားပေးပါတယ်။ ဒီလှုံ့ဆော်မှုတွေက ဖိလစ်ပိုင်ပြည်သူတို့ရဲ့ သမိုင်းကို ဆက်လက်ရေးထိုးနေဦးမှာပဲဖြစ်တယ်။"ဟု အကွီနိုက ကိုယ်စားလှယ်လောင်းအမည်စာရင်းကြေညာစဉ် ပြောကြားခဲ့သည်။

သို့သော် မားရိုဟတ်စ်အနေဖြင့် မဲရရှိရေး အပြင်းအထန် ရုန်းကန်ရမည်ဖြစ်ပြီး ပြိုင်ဖက်အဖြစ်ယှဉ်ပြိုင်မည့် လက်ရှိဒုတိယသမ္မဖြစ်သူ အကျင့်ပျက်ခြစားမှုများဖြင့် စစ်ဆေးခံနေရသူ ဂျီဂျိုမာဘီနေး၏ စိန်ခေါ်မှုများကို ရင်ဆိုင်ရမည်ဖြစ်သည်။

Ref ; Bangkok Post

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly