နာရက်ဇူရီကို ထိပ်ဆုံးပြန်ရောက်အောင် လုပ်ဆောင်ပေးမယ်ဆိုပြီး ကြုံးဝါးပြောဆိုလိုက်တဲ့ လူကာကူ

နာရက်ဇူရီကို ထိပ်ဆုံးပြန်ရောက်အောင် လုပ်ဆောင်ပေးမယ်ဆိုပြီး ကြုံးဝါးပြောဆိုလိုက်တဲ့ လူကာကူ
Photos: Inter

မန်ချက်စတာယူနိုက်တက်ကနေ အင်တာမီလန်အသင်းကို ပြောင်းရွှေ့ကြေး ယူရိုသန်း (၈၀) (ပေါင် ၇၄ သန်း)နဲ့ ရောက်ရှိခဲ့တဲ့ လူကာကူက သူအနေနဲ့ အင်တာမီလန်ကို ထိပ်ဆုံးပြန်ရောက်အောင် လုပ်ဆောင်ပေးသွားမယ်လို့  ကြုံးဝါးပြောဆိုလိုက်ပါတယ်။

ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူဟာ အင်တာနဲ့ ၂၀၂၄ ခုနှစ်အထိရှိမယ့် (၅)နှစ်သက်တမ်းရှိ စာချုပ်ကို ချုပ်ဆိုခဲ့တာပါ။

"ကျနော် အလိုရှိခဲ့တဲ့ ကလပ်အသင်းတစ်သင်းတည်းက အင်တာမီလန်ဖြစ်ခဲ့ပါတယ်။ နာရက်ဇူရီ (အင်တာမီလန်)ကို ထိပ်ဆုံးကို ပြန်ရောက်အောင် သယ်ဆောင်ပေးသွာားဖို့ ဒီနေရာကို ရောက်ရှိလာတာပါ။"လို့ လူကာကူက ပြောပါတယ်။

မီလန်အခြေစိုက် Gazzetta Dello Sport ရဲ့ ဖော်ပြချက်အရ ကစားသမားဟာ အင်တာမှာ တစ်ရာသီလုပ်ခ ယူရို (၈.၅)သန်း ဝင်ငွေရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

အင်တာမီလန်က လွင့်တင်ခဲ့တဲ့ ဗီဒီယိုထဲမှာ အင်တာဂျာစီဝတ်ဆင်ထားတဲ့ အသက် ၂၆ နှစ်အရွယ် လူကာကူက "အင်တာဟာ လူတိုင်းအတွက် မဟုတ်ပါဘူး။ ဒါ့ကြောင့် ကျနော် ဒီနေရာမှာ ရှိနေတာပါ။"လို့ ပြောပါတယ်။

လူကာကူရဲ့ ပြောင်းရွှေ့ကြေးဟာ အီတလီစီးရီးအေမှာ ရော်နယ်လ်ဒို (ပေါင် ၉၉.၂ သန်း)နဲ့ ဟီဂူအင် (ပေါင် ၇၅.၃ သန်း)တို့ပြီးနောက် တတိယမြောက် တန်ဖိုးအကြီးဆုံးကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။

လူကာကူဟာ အင်္ဂလန်မှာ ချယ်လ်ဆီး၊ အဲဗာတန်နဲ့ ယူနိုက်တက်တို့အတွက် ကစားပေးခဲ့ရာမှာ ပရီးမီးယားလိဂ်သွင်းဂိုး (၁၁၃) ဂိုး သွင်းယူခဲ့ပြီး အိုးထရက်ဖို့ဒ်မှာ (၉၆) ပွဲ ပါဝင်ကစားခဲ့ရာ (၄၂)ဂိုး သွင်းယူခဲ့ပါတယ်။

Ref; AFP

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly