ကက်ရှ်မီးယားမှာ ကာဖျူးမိန့်် ပြန်ရုပ်သိမ်းဖို့ ဒေသခံတွေ တောင်းဆို

ကက်ရှ်မီးယားမှာ ကာဖျူးမိန့်် ပြန်ရုပ်သိမ်းဖို့ ဒေသခံတွေ တောင်းဆို

ကက်ရှ််မီးယား၊ သြဂုတ် ၉ ။         ။ အိန္ဒိယ ထိန်းချုပ်ရာ ကက်ရှ်မီးယားမှာ ဒေသခံတွေဟာ ဌာနေအစိုးရ ရုံးတစ်ရုံးရှေ့ စုရုံးကြရင်း ပြဌာန်းထားတဲ့ ကာဖျူးမိန့်ကို ပြန်လည်ရုပ်သိမ်းဖို့ တောင်းဆိုကြပါတယ်။

 အငြင်းပွား ကက်ရှ်မီးယားက လမ်းမတွေဟာ ကာဖျူးမိန့်ကြောင့် ကန္တာရသဖွယ် လူသူပြတ်လပ် ခြောက်သွေ့နေပါတယ်။

 အိန္ဒိယအစိုးရက ကက်ရှ်မီးယားဒေသကို ဖွဲ့စည်းပုံအရ အထူးကိုယ်ပိုင်အုပ်ချုပ််ခွင့် ပေးထားတာကို ပယ်ဖျက်လိုက်ပြီးနောက်ပိုင််းမှာ ခုလို ကာဖျူးမိန့် ပြဌာန်းလာတာပါ။

 ဖွဲ့စည်းပုံ ပုဒ်မ ၃၇၀ ကို ပယ်ဖျက်ပြီး ကက်ရှ်မီးယားကိုလည်း အိန္ဒိယအခြားဒေသတွေနဲ့ တစ်တန်းတည်း ဖွဲ့စည်းပုံထဲ အကျုံးဝင်စေခဲ့တဲ့ လုပ်ဆောင်ချက််နဲ့ ပတ်သက်ပြီး အိန္ဒိယ ဝန်ကြီးချုပ် မိုဒီက ကက်ရှ််မီးယားမှာ အကြမ်းဖက်ဝါဒနဲ့ ခွဲထွက်ရေးဝါဒတွေ ချုပ်ငြိမ်းအောင်အတွက် လုပ်ဆောင်တာဖြစ်ကြောင်း ကာကွယ်ပြောပါတယ်။

 ကက်ရှ်မီးယားအရေးမှာ ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ရန်ဖက် ပါကစ္စတန်နိုင်ငံက အိန္ဒိယရဲ့ ခုလုပ်ရပ််ကို ဒေါသတကြီး တုံ့ပြန်ပြီး အိန္ဒိယသံအမတ်ကြီးကိုလည်း ပြည််နှင်ခဲ့ပါတယ်။ ဒါအပြင် နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ်ရေးကို ရပ်ဆိုင်းဖို့ပါ ဆုံးဖြတ်ခဲ့ပါတယ်။

 ပုဒ်မ ၃၇၀ အရ ကက်ရှ်မီးယားပြင်ပက အိန္ဒိယနိုင်ငံသားတွေဟာ ကက်ရှ်မီးယားဒေသမှာ အိမ်ယာဝယ််ယူ အခြေချခွင့််ကို တားမြစ်ထားတာ ဖြစ်ပါတယ်။

 အဲဒီ ပုဒ်မကို ပယ်ဖျက်လိုက်ပြီး မွတ်စလင်အများစုရှိရာ ကက်ရှ််မီးယားဒေသဆီ ဟိန္ဒူတွေ ပိုမိုဝင်ရောက်စေပြီး ဒေသအခင်းအကျင််းကို အပြောင်းအလဲ ဖော်ဆောင််ဖို့ မိုဒီအစိုးရက ခုလို လုပ်ဆောင်တာဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောကြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly