ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ပြင်းထန်ဆိုးဝါးပြီး နေ့စဉ် လူ နှစ်ထောင်ခန့် ဆေးရုံတင်ကုသခံနေရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ သွေးလွန်တုပ်ကွေးဖြစ်ပွားမှု ပြင်းထန်ဆိုးဝါးပြီး နေ့စဉ် လူ နှစ်ထောင်ခန့် ဆေးရုံတင်ကုသခံနေရ

ဒါကာ၊ သြဂုတ် ၈ ။       ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတစ်ဝန်းမှာ ဇန်နဝါရီလကစလို့ သွေးလွန်တုပ်ကွေး ကူးစက်တာကြောင့် ဆေးရုံတင်ထားကုသရသူပေါင်း သုံးသောင််းနီးပါး ရှိပြီး ပြီးခဲ့တဲ့ သီတင်းပတ်မှာဆို နေ့စဉ် လူ ၂၀၀၀ နီးပါး ဆေးရုံတက်ရောက်ရတဲ့အထိ ရောဂါကူးစက်မှု ဆိုးဆိုးဝါးဝါး ဖြစ်နေပါတယ်။

“ဒီလို ရောဂါဖြစ်ပွားပြန့်နှံတဲ့နှုန်း ဆိုးဆိုးဝါးဝါး ဖြစ်နေပေမယ့် ဒါကို ဘယ်သူမှ ဂရုမစိုက်ကြဘူး။”လို့ အမည်မဖော်လိုတဲ့ ပညာရှင်တစ်ဦးက ပြောပါတယ်။

အချက်အလက် ကောက်ယူမှု အားနည်းတာကြောင့် အခု ဖြစ်ပွားတဲ့ တရားဝင်နှုန်းထားဟာ အမှန်တကယ် ဖြစ်ပွားတဲ့ အရေအတွက်ထက် များစွာလျော့နည်းနိုင်တယ်လို့လည်း ၎င်းက ပြောပါတယ်။

ခုအခြေအနေထက် ပိုဆိုးလာနိုင်တဲ့ အနေအထား ရှိနေတာအတွက် အာဏာပိုင်တွေအနေနဲ့လည်း စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။

ကျင်းပတော့ဖို့ ရှိနေတဲ့ အိဒ်ပွဲတော်နဲ့အတူ ပြည်သူသန်းပေါင်းများစွာဟာ ပွဲတော်ကျင်းပဖို့ နေရပ်တောနယ်ဒေသတွေဆီ ပြန်ကြမှာဖြစ်တာကြောင့် သွေးလွန်တုပ်ကွေး ကူးစက်ဖြစ်ပွားမှုဟာ အစွန်အဖျား တောနယ်အထိ ဆိုးဆိုးဝါးဝါး ပြန့်နှံ့ဖြစ်ပေါ်မှာကို စိုးရိမ်လျက် ရှိနေပါတယ်။

ဆေးရုံအဆောင်တွေမှာ သွေးလွန်တုပ်ကွေးဖြစ်တဲ့ လူနာတွေနဲ့ ပြည့်နေပြီဖြစ်တယ်လို့ ဒါကာအလယ်ပိုင်း ဆေးဝါးကောလိပ်ဆေးရုံမှ ထုတ်ပြန်ပါတယ်။

ထပ်ရောက်လာတဲ့ လူနာတွေကို စင်္ကြင်္န်လမ်းတွေ၊ ကော်ရစ်ဒါတွေမှာ ထားရတဲ့အထိ သွေးလွန်တုပ်ကွေးကြောင့် ဆေးရုံက်ရောက်တဲ့ လူနာက များပြားနေပါတယ်။

နှစ်စဉ် မုတ်သုံရာသီ မတိုင်မီ ခြင်ကာကွယ်ရေး လုပ်ငန်းစဉ်တွေ အားနည်းတာကြောင့်် ခုလို ဆိုးဆိုးဝါးဝါး ဖြစ်ပွားပြန့််နှံ့တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ် အမျိုးသားကျန်းမာရေးအသင်းအဖွဲ့ အကြီးအကဲ ဒေါက်တာရာရှစ်က ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly