ပရီးမီးယားလိဂ်မှာ ကိုယ့်ကိုယ်ကို စမ်းသပ်သွားမယ်ဆိုတဲ့ ကန်ဆယ်လို

ပရီးမီးယားလိဂ်မှာ ကိုယ့်ကိုယ်ကို စမ်းသပ်သွားမယ်ဆိုတဲ့ ကန်ဆယ်လို

မန်ချက်စတာစီးတီးအသင်းဟာ ဂျူဗင်တပ်စ်အသင်းမှ ပေါ်တူဂီညာနောက်ခံကစားသမား ကန်ဆယ်လိုကို ပြောင်းရွှေ့ကြေး ပေါင် သန်း (၆၀) နဲ့ (၆)နှစ် စာချုပ်ချုပ်ဆိုလိုက်တယ်လို့ သိရပါတယ်။

ဒီသဘောတူညီမှုအရ စီးတီးရဲ့ အသက် (၂၈)နှစ်အရွယ် ခံစစစ်မှူး ဒန်နီလိုဟာ ဂျူဗင်တပ်စ်အသင်းကို ပေါင် (၃၄.၁) သန်း ပြန်လည် ပြောင်းရွှေ့သွားတာကို တွေ့ရပါတယ်။

စီးတီးက ကန်ဆယ်လိုကို ခေါ်ယူလိုက်တဲ့ စျေးနှုန်းဟာ ယခုနှစ် ကစားသမား (၂) ဦး ခေါ်ယူမှုအနက် အက်လက်တီကိုကနေရိုဒရီကို ပေါင် (၆၂.၆)သန်းနဲ့ ခေါ်ယူပြီးနောက် ဒုတိယစျေးအမြင့်ဆုံး ကစားသမားလည်းဖြစ်ပါတယ်။

အသက် (၂၅)နှစ်ရှိ ကန်ဆယ်လိုက "စီးတီးက အလွန်တော်တဲ့ နည်းပြနဲ့အတူ အံ့အားသင့်ဖွယ်ကောင်းတဲ့ အသင်းတစ်သင်းပါ။ ကျနော် ဒီနေရာကို ရောက်လာလို့ ဝမ်းသာပါတယ်။"လို့ ပြောပါတယ်။

"အသင်းရဲ့ ကစားဟန်၊ အသုံးအဆောင်တွေ၊ သူတို့ဆီမှာရှိတဲ့ အရာအားလုံးဟာ ကျနော့်ကို အထင်ကြီးစေပါတယ်။

"ကျနော်က ပြိုင်ပွဲတွေမှာ အမြဲတမ်း တိုးတက်ကောင်းမွန်ဖို့ ကြည့်နေသလို ဆုဖလားများစွာကို မန်စီးတီးအသင်းနဲ့ ရယူနိုင်မယ်လို့ ကျနော် ယုံကြည်ထားပါတယ်။ ရာသီသစ်ကို လှမ်းကြည့်နေပြီး ပရီးမီးယားလိဂ်မှာ ကိုယ့်ကိုယ်ကို စမ်းသပ်သွားမှာပါ။"

နောက်တန်းဘယ်အစွန်မှာလည်း ကစားနိုင်သူ ကန်ဆယ်လိုဟာ ၂၀၁၈ ခုနှစ်က ဗလင်စီယာအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် (၃၅)သန်းနဲ့ ဂျူဗင်တပ်အသင်းကို ရောက်ခဲ့တာဖြစ်ပါတယ်။

သူဟာ ဇွန်လက နေရှင်းလိဂ်ဖလား ဆွတ်ခူးခဲ့တဲ့ ပေါ်တူဂီအသင်းမှာ ပါဝင်ခဲ့ပေမယ့်လည်း ပွဲကစားခြင်းတော့ မရှိခဲ့ပါဘူး။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly