ရီးယဲလ်အတွက် ပထမဆုံး ဂိုးသွင်းယူနိုင်ခဲ့ခြင်းနဲ့အတူ အရမ်းကျေနပ်ပျော်ရွှင်နေတဲ့ ဟာဇက်
ဗုဒ္ဓဟူးနေ့ညက ရက်ဘူးလ်ဆဲလ်ဇ်ဘက်ကို (၁-၀)ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲစဉ်မှာ ဟာဇက်ဟာ ရီးယဲလ်မက်ဒရစ်အသင်းအတွက် သူ့ရဲ့ ပထမဆုံးဂိုးကို သွင်းယူပေးသွားခဲ့ပါတယ်။
ယခုနွေရာသီက ချယ်လ်ဆီးအသင်းကနေ ပြောင်းရွှေ့လာတဲ့ ဘယ်လ်ဂျီယံလက်ရွေးစင်ကစားသမားဟာ ယခုပွဲစဉ်မတိုင်မီ ရာသီကြိုပွဲစဉ် (၅)ပွဲအထိ ကစားထားခဲ့ပေမယ့် ဂိုးမသွင်းယူနိုင်ခဲ့ပါဘူး။
ဟာဇက်ဟာ ရီးယဲလ်အသင်းအတွက် ပထမဆုံး သွင်းဂိုးကို ဂိုးဧရိယာထိပ်ကနေ ဘယ်ခြေနဲ့ ကောင်းမွန်လှပတဲ့ ဂိုးကို သွင်းယူခဲ့တာပါ။
- ရီးယဲလ်မက်ဒရစ်မှာ ‘ဂလက်တီကို’ဖြစ်လာချင်တဲ့ ဟာဇက်
- ချယ်လ်ဆီးရဲ့ ဟာဇက်ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိတဲ့ ရီးယဲလ်မက်ဒရစ်၊ အသင်းသမိုင်းတစ်လျှောက် စျေးအကြီးဆုံးကစားသမားဖြစ်လာတဲ့ ဟာဇက်
"ခင်ဗျာ ကွင်းထဲရောက်နေတဲ့အခါ ပွဲကို အနိုင်ရယူချင်မှာပါ။ ဒါဟာ တိုက်စစ်ကစားသမားတစ်တစ်ဦးဖြစ်မယ်ဆိုရင်တော့ ဂိုးတွေ သွင်းယူချင်မှာပါပဲ။"လို့ ဟာဇက်က ပြောပါတယ်။
"ကျနော် ဒီအခိုက်အတန့်အတွက် ပြီးခဲ့တဲ့ (၅)ပွဲကတည်းက စောင့်မျှော်နေခဲ့တာပါ။ ဒီနေ့မှာတော့ ဖြစ်လာခဲ့ပါပြီ။ ကျနော် အရမ်းပဲ ကျေနပ်ပျော်ရွှင်ခဲ့ပါတယ်။
"ဒါဟာ ရာသီကြိုပွဲစဉ်ဖြစ်ပေမယ့် အခုဆိုရင် ကျနော်တို့ ခွန်အားတွေ ပိုပြီး ရလာခဲ့ကြတယ်လို့ ထင်ပါတယ်။ ကျနော်တို့ရဲ့ ပထမဆုံး ယှဉ်ပြိုင်ရမယ့် ပွဲစဉ်မတိုင်ခင် နောက်ထပ် (၁၀)ရက်လောက် အချိန်ရှိဆဲပါ။ ဒါ့ကြောင့် ကျနော်တို့ အာရုံစိုက်ပြီး အလုပ်ကြိုးစားရပါမယ်။
"ကျနော်တို့ရဲ့ ရည်ရွယ်ချက်က နောက်တစ်ပတ်အတွက် အဆင်သင့်ဖြစ်နေဖို့ပါပဲ။ ကျနော်တို့ လာလီဂါကို စတင်ဖို့ မစောင့်မျှော်နိုင်ကြတော့ပါဘူး။ ဒါ့ကြောင့် ကျနော်တို့ လေ့ကျင့်ခန်းဆင်းနေပြီး ကြိုးစားနေပါတယ်။
မက်ဒရစ်ဟာ သြဂုတ်လ ၁၇ ရက်မှာ ဆဲလ်တာဗီဂိုအသင်းနဲ့ လာလီဂါအဖွင့်ပွဲမတိုင်ခင် လာမယ့် တနင်္ဂနွေနေ့ ခြေစွမ်းပွဲမှာ ရိုးမားအသင်းနဲ့ တွေ့ဆုံကစားသွားမှာဖြစ်ပါတယ်။
Ref; Goal