အင်ဒိုနီးရှားအမျိုးသားတစ်ဦး မိုင် ၄၀၀ ကျော် ခရီးကို နောက်ပြန်လမ်းလျှောက်ပြီး သစ်တောများ ထိန်းသိမ်းရေး နှိုးဆော်

အင်ဒိုနီးရှားအမျိုးသားတစ်ဦး မိုင် ၄၀၀ ကျော် ခရီးကို နောက်ပြန်လမ်းလျှောက်ပြီး သစ်တောများ ထိန်းသိမ်းရေး နှိုးဆော်

သြဂုတ် ၇ ။              ။ နိုင်ငံမှာ ပြုန်းတီးလာနေတဲ့ သစ်တောသစ်ပင်တွေကို ပြန်လည်ကယ်တင်ထိန်းသိမ်းရေး နှိုးဆော်တဲ့အနေနဲ့ အင်ဒိုနီးရှားအမျိုးသားတစ်ဦး ၄၃၅ မိုင် (ကီလိုမီတာ ၇၀၀) အကွာအဝေးတစ်ခုကို နောက်ပြန်လမ်းလျှောက်ပြခဲ့ပါတယ်။

မက်ဒီ ဘတ်စ်တိုနီ အမည်ရ အဆိုပါ အင်ဒို အမျိုးသားဟာ ဂျာဗားကျွန်းအရှေ့ခြမ်းရှိ ၎င်းရဲ့ နေအိမ်ကနေ ဂျကာတာအထိ နောက်ပြန်လမ်းလျှောက်နေခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ နိုင်ငံမှာ အလျင်အမြန် ဖြစ်ပေါ်နေတဲ့ သစ်တောပြုန်းတီးမှုတွေနဲ့ပတ်သက်လို့ လူအများရဲ့ စိတ်ဝင်စားဂရုစိုက်မှုကို ရရှိနိုင်ဖို့ ရည်ရွယ်လုပ်ဆောင်တာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ ခုလို နောက်ပြန်လမ်းလျှောက်ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ နှစ်ခု ရှိပါတယ်၊ ပထမတစ်ခုကတော့ လူငယ်ထုကို ကျွန်တော်တို့ရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းကို အမှတ်ရစေချင်တဲ့အတွက်ပါ။ နောက်တစ်ချက်က  နိုင်ငံမှာ သစ်တောပြုန်းတီးမှုတွေ ရှိနေပါတယ်။ ကျွန်တော် ဂျကာတာ ရောက်တဲ့အခါ သမ္မတ ဂျိုကို ဝီဒိုဒိုနဲ့ တွေ့ခွင့်ရမယ်ဆိုရင် ကျွန်တော် သူ့ဆီကအပင်ပေါက်လေးတွေ တောင်းချင်ပါတယ်။အဲဒီအပင်တွေကို သစ်တောပြုန်းတီးမှု ဖြစ်နေတဲ့ ဝီလစ် တောင်ပေါ်မှာ ပြန်စိုက်ချင်ပါတယ်” လို့  ဘတ်စ်တိုနီက ပြောသွားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly