ဖိလစ်ပိုင်မှာ တစ်နိုင်ငံလုံးအတိုင်းအတာ သွေးလွန်တုပ်ကွေး ပျံ့နှံ့ဖြစ်ပွားနေဟု အစိုးရ ကြေညာ

ဖိလစ်ပိုင်မှာ တစ်နိုင်ငံလုံးအတိုင်းအတာ သွေးလွန်တုပ်ကွေး ပျံ့နှံ့ဖြစ်ပွားနေဟု အစိုးရ ကြေညာ

သြဂုတ် ၇ ။       ။ နိုင်ငံမှာ သွေးလွန်တုပ်ကွေး ရောဂါ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကူးစက်ပျံ့နှံ့ ဖြစ်ပွားနေကြောင်း ဖိလစ်ပိုင်အစိုးရက သြဂုတ် ၆ ရက်မှာ ကြေညာလိုက်ပါတယ်။

ယခုနှစ်အတွင်း ယင်းရောဂါကြောင့် နိုင်ငံမှာ သေဆုံးသူ ရာပေါင်းများစွာ ရှိသွားပြီ ဖြစ်ကြောင်း သိရပါတယ်။

ဖိလစ်ပိုင် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ ယခုနှစ် ဇန်နဝါရီ ၁ ရက်မှ  ဇူလိုင် ၂၀ အကြား ကာလမှာ သွေးလွန်တုပ်ကွေး ဖြစ်ပွားမှု ဖြစ်စဉ် ၁၄၆,၀၆၂ ရှိခဲ့ကြောင်း၊ ယင်းဟာ ယခင်နှစ် အလားတူကာလကနဲ့ ယှဉ်ပါက ၉၈ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။

သွေးလွန်တုပ်ကွေးကြောင့် စုစုပေါင်း သေဆုံးသူဦးရေ ၆၂၂ ဦးအထိ ရှိကြောင်း ကျန်းမာရေးဝန်ကြီး ဖရန်စစ္စကို ဒူကွီးက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောပါတယ်။

သို့ပေသော်လည်း ဖိလစ်ပိုင်အနေနဲ့ ကမ္ဘာ့ ပထမဆုံးသော သွေးလွန်တုပ်ကွေး ကာကွယ်ရေးအပေါ် ဆက်လက်ပိတ်ပင်ထားမှာ ဖြစ်ကြောင်း ထုတ်ပြန်သွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly