ဆန်ရှင်မရုပ်သိမ်းရင် အမေရိကန်နဲ့ ဆွေးနွေးမှာ မဟုတ်လို့ အီရန် ပြော

ဆန်ရှင်မရုပ်သိမ်းရင် အမေရိကန်နဲ့ ဆွေးနွေးမှာ မဟုတ်လို့ အီရန် ပြော

တီဟီရန်၊ သြဂုတ် ၇ ။         ။ ပြီးခဲ့တဲ့နှစ်က အီရန်နိုင်ငံကို ချမှတ််ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်တွေကို မရုပ်သိမ်းမချင်း အမေရိကန်နဲ့ စေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်မှာ မဟုတ်ဘူးလို့ အီရန်သမ္မတ ဟတ်ဆန်ရိုဟာနီက ပြောပါတယ်။

၂၀၁၅ အီရန်နျူကလီးယားသဘောတူညီချက်ကနေ အမေရိကန်ဟာ ၂၀၁၈ မှာ နုတ်ထွက်ခဲ့ပြီး အီရန်အပေါ် ဆန်ရှင်တွေ ပြန်လည်ချမှတ်တာကြောင့် အီရန်စီးပွားရေး အထိနာနေရတာလည်း ဖြစ်ပါတယ်။

“အီရန်ဟာ တွေ့ဆုံဆွေးနွေးရေးကို လိုလားပါတယ်။ ဒါပေမယ့် အမေရိကန်ဖက််က အီရန်နဲ့ အမှန်တကယ် ဆွေးနွေးလိုစိတ် ရှိဖို့တော့ လိုတယ်။ ဒီအတွက် ဆန်ရှင်အားလုံးကို ရုပ်သိမ်းပေးမှ ဖြစ်လိမ့်မယ်။”လို့ အီရန်အပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ ဆန်ရှင်ချမှတ်မှု တစ်နှစ််ပြည့်မြောက်မှာ အီရန်သမ္မတ ရိုဟာနီက ပြောတာပါ။

အီရန်ရဲ့ အစားအစာနဲ့ ဆေးဝါးအပေါ် ပစ်မှတ်ထားတဲ့ ဆန်ရှင်ကို ကျင့်သုံးတဲ့ ထရမ့်ကို ရည််ညွှန်းပြီးလည်း ရာဇဝတ်သားနဲ့ တစ်တန်းတည်း ထိုင်ဖို့တော့ ဖြစ်နိုင်ခြေတော့ မရှိဘူးလို့ ရိုဟာနီက ထပ်လောင်းပြောပါတယ်။

အစားအစာနဲ့ ဆေးဝါးကို ပစ်မှတ်မထားရင်တောင် အီရန်ရဲ့ ဘဏ်လုပ်ငန်းအပေါ် ချမှတ်ထားတဲ့ ဆန်ရှင်တွေကြောင့်ပဲ အီရန်ဟာ အစားအစာနဲ့ ဆေးဝါး တင်သွင်းဖို့ ပိုပြီး အခက်အခဲတွေ ကြုံလာနေရပါတယ်။

အီရန်ရဲ့ ၂၀၁၉ ခုနှစ် စီးပွားရေးဟာ ၃ ဒသမ ၆ ရာခိုင်နှုန်း ကျုံ့သွားနိုင်ဖွယ် ရှိတယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က မနှစ်က ခန့်မှန်းခဲ့ပေမယ့် ဧပြီလမှာတော့ ခန့်မှန်းချက်ကို ခြောက်ရာခိုင်နှုန်းအထိ တိုးမြှင့် ခန့်မှန်းထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly