ကြည့်မြင်တိုင်ရှိ ကန်ထရိုက်လုပ်ငန်းခွင်တစ်ခုတွင် အလုပ်သမား သုံးဦးသေဆုံးမှုဖြစ်ပွား

ကြည့်မြင်တိုင်ရှိ ကန်ထရိုက်လုပ်ငန်းခွင်တစ်ခုတွင် အလုပ်သမား သုံးဦးသေဆုံးမှုဖြစ်ပွား

ရန်ကုန်၊ သြဂုတ် ၆ ။        ။ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်ရှိ ကန်ထရိုက်ဆောက်လုပ်ရေးလုပ်ငန်းခွင်တစ်ခုတွင် မတော် တဆမှုတစ်ခုဖြစ်ပွား၍ အလုပ်သမား သုံးဦးသေဆုံးခဲ့ကြောင်း ကြည့်မြင်တိုင် မဲဆန္ဒနယ်အမှတ် (၂)မှတိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်နန္ဒအောင်က မဇ္စျိမ သို့အတည်ပြုပြောသည်။

“ဆယ့်နှစ်ခွဲ တစ်နာရီ အဲ့လောက်ဝန်းကျင်ကဖြစ်မယ်။ ဆောက်လက်စတိုက်” ဟု ၎င်းကဆိုသည်။

လတ်တလောသတင်းများအရ မြေအောက်ရေလှောင်ကန်အတွင်းသို့ ဆင်း၍ မြေကြီးထပ်တူးနေစဉ် အောက် ဆီဂျင်ပြတ်ကာ သေဆုံးရခြင်းဟု သိထားရပြီး အတိအကျကိုမှု အချက်အလက်မရရှိသေးဟု ဦးကျော်နန္ဒအောင် ကပြောသည်။

အတည်မပြုနိင်သေးသည့် သတင်းများအရ အဆိုပါ ဆောက်လက်စ ကန်ထရိုက်တိုက် ပြိုကျကာ အောက်တွင် တူးထားသော ရေကန်ထဲသို့ အလုပ်သမား သုံးဦးပြုတ်ကျ သေဆုံးခဲ့ခြင်းဟုလည်း ပြောဆိုနေကြသည်။

အဆိုပါသတင်းအချက်အလက် အတိအကျသိရစေရန် မဇ္စျိမ အနေဖြင့် ကြည့်မြင်တိုင် မဲဆန္ဒနယ် အမှတ် (၁)မှ  လွှတ်တော်အမတ် ဦးခင်ဝင်းထံသို့ ထပ်မံဆက်သွယ်သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပေ။

သြဂုတ်လ ၆ ရက်နေ့ ညနေ ၅ နာရီအချိန်အထိ သတင်းများအရ သေဆုံးသူသုံးဦးကို ရန်ကုန်ပြည်သူ့ ဆေးရုံ ကြီးသို့ ပို့ဆောင်ထားပြီး ရဲတပ်ဖွဲ့နှင့် ထွေအုပ်မှ လူသေမှုအတွက် ဆက်လက်ဆောင်ရွက် နေကြောင်း သိရသည်။
ဖြစ်စဉ်ပွားခဲ့သည့်နေရာမှာ ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ ထီးတန်း-၄လမ်းထဲမှ ကန်ထရိုက် တိုက်ဆောက်လုပ် ရေးလုပ်ငန်းခွင်တစ်ခုတွင်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly