ဧရာဝတီတိုင်းတွင် လေပြင်းတိုက်ပြီး နေရာကွက်၍ မိုးကြီးနိုင်ဟုဆို

ဧရာဝတီတိုင်းတွင် လေပြင်းတိုက်ပြီး နေရာကွက်၍ မိုးကြီးနိုင်ဟုဆို

ပုသိမ်၊ သြဂုတ် ၆ ။       ။ ဧရာဝတီတိုင်းဒေသကြီးတွင် လေပြင်းတိုက်ခြင်း၊ မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မြေပြိုခြင်းများ ဖြစ်ပေါ် နိုင်သောကြောင့် သတိထားနေထိုင်ကြရန် ဧရာဝတီတိုင်းဒေသကြီး၊ မိုးလေဝသနှင့် ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာနမှ တိုင်းဦးစီးမှူးဒေါ်စိုးစိုးလွင်က ပြောသည်။

“ဌာနက လေပြင်းတွေတိုက်မယ်၊ မိုးသည်းထန်စွာရွာမယ်၊ လျှပ်တပြတ်ရေကြီးတာတွေဖြစ်နိုင်တယ်၊ မြေပြို တာတွေဖြစ်ပေါ်နိုင်တဲ့အတွက် အမြင့်ပိုင်မှာနေတဲ ့သူတွေအတွက် မြေပြိုမှုအန္တရာယ်တွေကို သတိထား ရမယ်။

မြစ်ငယ် ချောင်းငယ် အနီးနေထိုင်သူတွေအတွက် ရေကြီးရေလျှံမှုတွေ ဖြစ်လာနိုင်တဲ့အတွက် ကြိုတင် သတိပြု နေထိုင်ဖို့ အကြံပြုချင်ပါတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး၊ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှု ဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်စိုးစိုးလွင်ကပြောသည်။

လက်ရှိတွင် သာပေါင်းမြို့၏ ငဝန်မြစ်ရေသည် စိုးရိမ်ရေအမှတ်သို့ ရောက်ရှိနေပြီး ပုသိမ်မြစ်ရေ၏ အခြေ အနေမှာ သြဂုတ်လ ၆ရက် ၁၂နာရီအချိန် တိုင်းထွာချက်များအရ ၂၉၆စင်တီမီတာသို့ ရောက်ရှိနေကြောင်း စိုးရိမ်ရေမှတ်မှာ ၃၅၀ စင်တီမီတာ ဖြစ်သောကြောင့် စိုးရိမ်ရေမှတ်သို့ ရောက်ရှိခြင်း မရှိသေးကြောင်း သိရ သည်။

“မြစ်ကြီးနား၊စစ်ကိုင်း၊မကွေး ဧရာဝတီမြစ်ရေအနေအထားနဲ့စိုးရိမ်နေကြတာပါ။ အခု မြန်အောင်ကနေ ဟင်္သာတအထိ တက်တော့တက်တယ်။ ဒါပေမယ့် အရေးပေါ်အခြေအနေထိမရောက်ပါဘူး။ ဧရာဝတီကော ငဝန်မြစ်ကော၊ကျွန်တော်တို ့မြို့နယ်ခြမ်းမှာ ဆည်တွေရှိတယ်။

အနောက်ရိုးမရဲ့ ဆည်တွေ နန့်ကသူ၊ ကညှင်း၊ မမြ၊ ကွန့်ချောင်း တစ်၊နှစ် စသဖြင့် ဆည်၅ခုရှိတယ်။ ချောင်းရေက ရေလျှံမှု ဒဏ်လေးတော့ရှိတယ်။ မိုးများလို့ ပါ။ အဲဒါကလည်း နှစ်ရက်ဆို ပြန်ကျသွားတယ်။ ဖြစ်နေကြပါ” ဟု ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောသည်။

ထို့အပြင် ဧရာဝတီတိုင်းဒေသကြီးအတွင်း ရေကြောင်းသွားလာမှုများကို သြဂုတ်လ ၅ရက်နေ ့မှ စတင်ကာ ပိတ်ထားကြောင်း သိရပြီး မိုးဆက်တိုက်ရွာသွန်းမှုကြောင့် ဧရာဝတီတိုင်းဒေသကြီးတွင် ကျောင်း ၁၂ ကျောင်း ကိုလည်း ပိတ်ထားကြောင်းသိရှိရသည်။

“မိုးတွင်းကာလ လေးလဆို တိုင်းအတွင်းမှာ သွားလာနေတဲ့ ခရီးသည်တင်ရေယာဉ်တွေရှိတာပေါ့။ နှစ်စဉ် နှစ်တိုင်းပဲ အန္တရာယ်များတဲ့အတွက် ညမထွက်ရ ညွန်ကြားချက်ကပေးပြီးသားပါ။ အခု ပင်လယ်ပြင်မုတ်သုံ အား ကောင်းနေတယ်။ လေဖိအားနည်းရပ်ဝန်းလည်း ရှိတယ်။ မိုးတော်တော်ရွာတယ်။ လေပြင်း တိုက်ခိုက်ယ်။ မနေ့ကစပြီး ရေယာဉ်တွေကို မထွက်ရ ညွန်ကြားထားတာရှိပါတယ်။

အဲဒါကလည်း ယာယီပါ ခရီးသွားလာ ရေးအတွက်အဆင်ပြေဖို့လိုတယ်။ အမြဲပိတ်ထားမှာမဟုတ်ပါဘူး။ အချိန်နဲ့ အမျှ ရာသီဥတုအခြေအနေ စောင့်ကြည့်ပြီး ပြန်ဖွင့်မှာပါ”ဟု ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လျှပ်စစ်စွမ်းအင် စက်မှုလက်မှုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက ပြောသည်။

သြဂုတ်လ ၆ရက်နေ့ သတင်းများအရ မြန်မာနိုင်ငံအတွင်းရှိ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ရေကြီး ရေလျှံမှုများ ဖြစ်ပေါ်နေပြီး ကရင်ပြည်နယ်အတွင်းရှိ ဘားအံ၊ လှိုင်းဘွဲ့၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး မြို့နယ်၊ကျိုက်ထိုမြို့တို့တွင် လူဦးရေ ၂၄၈၇ ဦးနှင့် မွန်ပြည်နယ် ဘီးလင်း မြို့တွင် လူဦးရေ ၁၈၈၃ ဦး၊ စုစုပေါင်း ၄၃၇၀ ဦးတို့မှာ ရေဘေးရှောင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required