ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအဖြစ် တရုတ်ကို ငွေကြေးကြိုးကိုင်ခြယ်လှယ်သူအဖြစ် အမေရိကန် သတ်မှတ်

ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအဖြစ် တရုတ်ကို ငွေကြေးကြိုးကိုင်ခြယ်လှယ်သူအဖြစ် အမေရိကန် သတ်မှတ်

သြဂုတ် ၆ ။        ။ ဆယ်စုနှစ်တွေအတွင်း ပထမဆုံးအကြိမ်အဖြစ် တရုတ်ကို ငွေကြေးကြိုးကိုင်ခြယ်လှယ်သူအဖြစ် အမေရိကန်က သတ်မှတ်လိုက်ကြောင်း သိရပါတယ်။

ဒါဟာ ပြီးခဲ့တဲ့ ရက်က တရုတ်က ယင်းရဲ့ နိုင်ငံသုံး ယွမ်ငွေကြေးကို ဆယ်စုနှစ်တစ်စုကျော်အတွင်း အနိမ့်ဆုံး အမှတ်သို့ ချခဲ့ပြီးနောက် ယခုလို ၀ါရှင်တန်ဘက်က ပေကျင်းကို ငွေကြေးစျေးကစားသူလို့ စွပ်စွဲလိုက်တာဖြစ်ပါတယ်။

ယင်း စွဲချက်နဲ့အတူ လက်ရှိ နှစ်ချီ ကြာမြင့်နေပြီဖြစ်တဲ့ အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ကတော့ ပိုမိုအရှိန်မြင့်လာပြန်ပြီဖြစ်ပါတယ်။

တရုတ်ဟာ ယင်းရဲ့ ငွေကြေးကို ကြိုးကိုင်ခြယ်လှယ်နေတဲ့အတွက် ယင်းသို့ သတ်မှတ်လိုက်ကြောင်း အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနက သြဂုတ် ၅ ရက်နှောင်းပိုင်းက ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။

ခုလို ငွေကြေး ကြိုးကိုင်ခြယ်လှယ်သူအဖြစ် အမေရိကန် သမုတ်ခဲဲ့ခြင်းအပေါ် အပြင်းအထန် ကန့်ကွက်ကြောင်း တရုတ် ဗဟိုဘဏ်ကတော့ သြဂုတ် ၆ ရက်မှာ ပြန်လည် တုန့်ပြန်သွားခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly