ဟောင်ကောင် ဆန္ဒပြသမားတွေ မီးနဲ့ မကစားကြဖို့ တရုတ် သတိပေး

ဟောင်ကောင် ဆန္ဒပြသမားတွေ မီးနဲ့ မကစားကြဖို့ တရုတ် သတိပေး

သြဂုတ် ၆ ။        ။ ဟောင်ကောင် ဆန္ဒပြသူတွေအပေါ် တရုတ်အစိုးရဘက်က ပြင်းထန်တဲ့ သတိပေးချက်တစ်ရပ် သြဂုတ် ၆ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

ဟောင်ကောင် ဆန္ဒပြသမားတွေ မီးနဲ့ ကစားဖို့ ကြိုးပမ်းနေမယ်ဆိုရင် ၎င်းတို့ကိုယ်တိုင်ပဲ ဘေးတွေ့လိမ့်မည်ဖြစ်ကြောင်း ပေကျင်းအစိုးရက သတိပေးလိုက်ပါတယ်။

ဒါ့အပြင် ဗဟိုအစိုးရအပေါ်မှာလည်း လျှော့မတွက်ကြဖို့ ဟောင်ကောင် ဆန္ဒပြသမားတွေကို တရုတ်က  သတိပေးပါတယ်။

ဟောင်ကောင်ဆိုင်ရာ တရုတ်အစိုးရရဲ့ မူဝါဒ ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ယန်းကွမ်းက ယင်းနေ့မှာပဲ ပေကျင်းမှာ သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ပြီး အထက်ပါအတိုင်း ဟောင်ကောင် ဆန္ဒပြသူတွေကို အထူးသတိပေးသွားခဲ့တာဖြစ်ပါတယ်။

လက်ရှိ ဟောင်ကောင်မှာတော့ တရုတ်ပြည်မကြီးကို ရာဇဝတ်သားလွှဲပြောင်းပေမယ့် ဥပဒေမူကြမ်းတစ်ရပ် ပြဌာန်းဖို့ စီစဉ်ခဲဲ့မှုအပေါ် ဆန့်ကျင်ဆန္ဒပြရာကနေ ယခုအခါမှာ အစိုးရဆန့်ကျင်ဆန္ဒပြမှုတွေ သီတင်းပတ်တွေဆက်တိုက် အကြီးအကျယ် ဖြစ်ပေါ်နေလျက် ရှိပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags