ဟောင်ကောင်မှာ ဆန္ဒပြသူတွေကို ရဲက မျက်ရည်ယိုဗုံးနဲ့ နှိမ်နင်း

ဟောင်ကောင်မှာ ဆန္ဒပြသူတွေကို ရဲက မျက်ရည်ယိုဗုံးနဲ့ နှိမ်နင်း

သြဂုတ် ၅ ။          ။ ဟောင်ကောင်မှာ ဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေအတွင်း ယနေ့ သြဂုတ်လ ၅ ရက် နေ့လည်ပိုင်းမှာတော့ ဆန္ဒပြသူတွေကို အဓိကရုဏ်းနှိမ်နင်းရေးရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးတွေ သုံးပြီး နှိမ်နင်းခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ဘဏ္ဍာရေးအချက်အချာ ဟောင်ကောင်မှာတော့ လက်ရှိမှာ အထွေထွေ သပိတ်တစ်ရပ်က လှုပ်ခတ်ထားစေခဲ့ပြီဖြစ်ပါတယ်။

ယခု နောက်ဆုံးဖြစ်ပေါ်တဲ့ ထိပ်တိုက်တွေ့မှုကတော့ ဝေါင်တိုင်စင်အရပ်မှာ ပေါ်ပေါက်ခဲ့ပြီး ရဲတွေက မျက်ရည်ယိုဗုံးတွေ သုံးပြီး အဓိကလမ်းမကြီးတစ်ခုပေါ်ကနေ ဆန္ဒပြသမား ရာနဲ့ချီကို လူစုခွဲ ရှင်းလင်းခဲ့တာဖြစ်ပါတယ်။

တရားမဝင်တဲ့ လုပ်ရပ်တွေ ရပ်ကြဖို့ ဆန္ဒပြသမားတွေကို အတန်တန် သတိပေးခဲ့ကြောင်း၊ ပြောမရတဲ့အဆုံး မျက်ရည်ယိုဗုံး သုံးပြီး လူအုပ်ကို လူစုခွဲခဲ့ရကြောင်း ဟောင်ကောင် ရဲတွေက ပြောပါတယ်။

လက်ရှိမှာတော့ ဟောင်ကောင်မှာ ဖြစ်ပေါ်နေတဲ့ ဆန္ဒပြပွဲတွေနဲ့အတူ အခြေအနေတွေက  တင်းမာဆိုးဝါးနေလျက် ရှိပြီး ယနေ့ မနက်ပိုင်းကလည်း ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကာရီလမ်းက ဆန္ဒပြသမားတွေကြောင့် ဟောင်ကောင်ဟာ အန္တရာယ်များတဲ့ အခြေအနေတစ်ခုကို ဆိုက်ရောက်လုနေပြီဖြစ်ကြောင်း ပြစ်တင်ပြောကြားသွားခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly