သင်္ဃန်းကျွန်း NLD ရုံးချုပ်ရှေ့တွင် လက်ပစ်ဗုံး တွေ့ရှိမှု အကြမ်းဖက်မှုကို လိုလားသူများ လုပ်ဆောင်သည်ဟု ဝန်ကြီးချုပ် မှတ်ချက်ပြု

By ကရိုင်နူးရာ
04 August 2019
သင်္ဃန်းကျွန်း NLD ရုံးချုပ်ရှေ့တွင် လက်ပစ်ဗုံး တွေ့ရှိမှု အကြမ်းဖက်မှုကို လိုလားသူများ လုပ်ဆောင်သည်ဟု ဝန်ကြီးချုပ် မှတ်ချက်ပြု

သြဂုတ် ၄၊ ရန်ကုန် ။            ။ သင်္ဃန်းကျွန်း NLD ရုံးချုပ်ရှေ့တွင်  လက်ပစ်ဗုံးတစ်လုံးတွေ့ရှိခဲ့ခြင်းနှင့် ပတ်သတ်ပြီး အကြမ်းဖက်မှုကို လိုလားသူများက လုပ်ဆောင်သည်ဟု  ထင်မှတ်ကြောင်း ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

" အကြမ်းဖက်မှုကို လိုလားတဲ့သူတွေက ဆောင်ရွက်တယ်လို့ပဲ အကြမ်းဖျင်းပြောနိုင်ပါတယ်။ အခုအချိန်ထိ အနောက်ဖက်မှာ ပေါ်ပေါက်နေတဲ့ ကိစ္စရပ်တွေ အကုန်လုံးက ကျွန်တော်တို့ နိုင်ငံကို စတင်ပြီး အကြမ်းဖက်ခဲ့တာ ဖြစ်ပါတယ်။ အကြမ်းဖက်မှုကို ခုခံနေရတဲ့ အခြေအနေကနေ မြို့ပြတွေအထိ တစ်ချို့အကြမ်းဖက်မှုတွေ ရှိလာတယ်လို့ ပြောနိုင်ပါတယ်။ ဘယ်အဖွဲ့အစည်းလဲဆိုတာတော့ တိတိကျကျ ပြောဖို့ ခက်ပါတယ်” ဟု ဦးဖြိုးမင်းသိန်းက တိုင်းအစိုးရ သတင်းစာ ရှင်းလင်းပွတြွင် ပြောသည်။

သင်္ဃန်းကျွန်းမြို့နယ် ဘဝမြင့်ရပ်ကွက်တွက်ရှိသော NLD ပါတီရုံးနှင့် လွှတ်တော်ကိုယ်စားလှယ်ရုံးရှေ့တွင် ဇူလိုင် ၂၄ ရက်နေ့က လက်ပစ်ဗုံးတစ်လုံး တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

“အနီးအနားက CCTV တွေကို စစ်ဆေးချက်အရ တရားမဝင်ကားတစ်စီး သိမ်းဆည်းမှုပြုထားနိုင်ခဲ့ပါတယ်။ ဒါနဲ့ပတ်သတ်ပြီး စုံစမ်းစိစစ်မှုတွေကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့က စိစစ်ဖော်ထုတ်နေပါတယ်။ လူရဲ့ပုံရိပ်ကိုလည်း ရရှိနိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက်နေပါတယ်။"ဟု ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောသည်။

လက်ပစ်ဗုံးကို မလိခအိမ်ယာဝင်းအနီး မလိခအိမ်ယာလမ်းပေါ်တွင် အမှိုက်သိမ်းသည့် စည်ပင်ဝန်ထမ်းကစတင် တွေ့ရှိခဲ့ခြင်းလည်းဖြစ်သည်။ဖြစ်စဉ်ဖြစ်ပွားခဲ့သည့်အချိန်က ရိုက်ကူးရရှိထားတဲ့ CCTV မှတ်တမ်းများကို ရဲတပ်ဖွဲ့ကယူဆောင် စစ်ဆေးနေခြင်း ဖြစ်သည်။

ဒီမိုကရေစီအစိုးရလက်ထက်တွင်  ယခုကဲ့သို့ ပါတီနှင့် လွှတ်တော်ကိုယ်စားလှယ်ရုံးရှေ့တွင် လက်ပစ်ဗုံးအားတွေ့ရခြင်းသည် ပထမဆုံးအကြိမ် လည်းဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required