ဖိလစ်ပိုင်မှာ ရေယာဉ်သုံးစင်း တိမ်းမှောက်ပြီး လူ ၂၅ ဦးထက်မနည်း သေဆုံး

ဖိလစ်ပိုင်မှာ ရေယာဉ်သုံးစင်း တိမ်းမှောက်ပြီး လူ ၂၅ ဦးထက်မနည်း သေဆုံး

သြဂုတ် ၄ ။         ။ ဖိလစ်ပိုင်အလယ်ပိုင်း ကမ်းလွန်ပင်လယ်ပြင်မှာ သြဂုတ် ၃ ရက်က ရေယာဉ်သုံးစင်း ဆိုးဝါးတဲ့ ရာသီဥတုနဲ့ တွေ့ကြုံပြီး တိမ်းမှောက်နစ်မြုပ်ခဲဲ့တဲ့အတွက် လူ ၂၅ ဦးထက်မနည်း သေဆုံးပြီး အခြား ခြောက်ဦး ပျောက်ဆုံးနေတယ်လို့ အရေးပေါ် ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ယင်း ဖြစ်စဉ်တွေဟာ ယမန်နေ့ သြဂုတ် ၃ ရက်က llilo မြို့ နဲ့ Guimaras ဒေသ အကြား ပင်လယ်ပြင်မှာ ဖြစ်ပွားခဲ့တာဖြစ်ကြောင်း အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ချရေးနဲ့ စီမံခန့်ခွဲမှု ကောင်စီက ထုတ်ပြန်ပါတယ်။

ယင်း ရေယာဉ် နစ်မြုှပ်မှုတွေအတွင်း လူပေါင်း ၅၅ ဦးထက်မနည်းကို ကယ်ဆယ်ပေးနိုင်ခဲ့ကြောင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နဲ့ ကြက်ခြေနီအဖွဲ့တို့က ထုတ်ပြန်ပါတယ်။

ဖိလစ်ပိုင်မှာတော့ ယခုလို  ရာသီဥတုဆိုးဝါးချိန် ပင်လယ်ပြင်မှာ ရေယာဉ်သင်္ဘော တိမ်းမှောက်မှုဖြစ်စဉ်တွေကြောင့် နှစ်စဉ်နှစ်တိုင်း လူဒါဇင်နဲ့ချီ သေဆုံးနေရတယ်လို့ သိရပါတယ်။

ရေယာဉ် မောင်းနှင်သူတွေဘက်ကလည်း သက်ဆိုင်ရာ  ဘေးကင်းလုံံခြုံရေး စည်းမျဉ်းတွေ လိုက်နာဖို့ ပျက်ကွက်တာ၊ ယာဉ်ကြံ့ခိုင်မှုပိုင်း ထိန်းသိမ်းမှု အားနည်းတာ၊ အလွန်အကျွံ တင်ဆောင်တာ စတာတို့ ရှိနေတယ်လို့ သိရပါတယ်။

 
 

 

 

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly