လေပြင်း မုန်တိုင်း တိုက်ခတ်မှုများ ရှိနေ၍ ကျွန်းပတ် ခရီးသည်လှေနှင့် ကုန်တင်လှေများ ပြေးဆွဲခွင့် ပိတ်ထား

လေပြင်း မုန်တိုင်း တိုက်ခတ်မှုများ ရှိနေ၍ ကျွန်းပတ် ခရီးသည်လှေနှင့် ကုန်တင်လှေများ ပြေးဆွဲခွင့် ပိတ်ထား
ဓာတ်ပုံ - ဒီမိုးသွေး (မြိတ်)

မြိတ်၊ သြဂုတ် ၄ ။              ။ တနင်္သာရီတိုင်းဒေသကြီး အတွင်း မြိတ်ကျွန်းစု အတွင်းသို့ ပြေးဆွဲနေသည့် ကျွန်းပတ် ရှပ်ပြေး အမြန်ရေယာဉ် ခရီးသည်လှေနှင့် ကုန်တင်လှေများအား ပြေးဆွဲခွင့် ပိတ်ထားကြောင်း တနင်္သာရီတိုင်းဒေသကြီး ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။

တိုင်းဦးစီးမှူးရုံးမှ တာဝန်ရှိသူက“အခုရက်ပိုင်း တနင်္သာရီ ကမ်းရိုးတန်း တလျှောက်မှာ မိုးသက်လေပြင်းများ တိုက်ခတ်မှုများ ရှိနေပါတယ်၊ မိုးဇလက သတင် းထုတ်ပြန်ချက် ကျွန်တော်တို့ တိုင်း အတွင်းမှာ လေတိုက်နှုန်းက တစ်နာရီလျှင် မိုင် ၄၀ နှင့် ပင်လယ်ပြင် အခြေအနေ မိုးကြီးမှာ ဖြစ်တဲ့ အတွက် မိုင် ၄၅ ကျော်သွား ရင်တော့ ကျွန်းစုမြို့ကို ပြေးဆွဲနေတဲ့ လှေတွေပါ ပိတ်သွားမှာ ဖြစ်တယ်”ဟု ပြောဆို သည်။

အပူပိုင်း မုန်တိုင်း ဝီဖာ သည် လာမည့် ၁၂ နာရီ အတွင်း ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ အနီးကို ဖြတ်ကျော် ဝင်ရောက်မည် ဖြစ်ပြီး ယင်း အရှိန်ကြောင့် ယနေ့ ညနေ အထိ တိုင်းဒေသကြီးနှင့် ပြည်နယ် အချို့တွင် မိုးကြီး နိုင်သည်ဟု မိုး/ ဇလက သတိပေး ချက် ထုတ်ပြန် ထားသည်။

လက်ရှိတွင် မြိတ်နှင့် ကျွန်းစုသို့ ပြေးဆွဲ နေသည့် ရှပ်ပြေး အမြန်ရေယာဉ်များမှ လွဲ၍ အခြား သစ်သားခွံ ကုန်တင် စက်လှေများ၊ အပျော်စီး ရေယာဉ်များ၊ ကျန် ခရီးသည်တင် အမြန်ရေယာဉ်များ အားလုံးကို ထွက်ခွာခွင့် ပိတ်ထားကြောင်း တိုင်းဦးစီးမှူး ရုံးမှ သိရသည်။

ထိုအပြင် မုန်တိုင်း အခြေအနေကြောင့် ပင်လယ်ပြင် လှိုင်းကြီးမည်ဖြစ်သောကြောင့် မြိတ်-ကျွန်စု ပြေးဆွဲ နေသည့် ခရီသည်တင် ရှပ်ပြေး အမြန်ရေယာဉ်များ၏ ခရီးသည် တချို့ကိုရေယာဉ် ပြင်ပနှင့် ခေါင်မိုးပေါ်တွင် စီးနင်း လိုက်ပါခြင်း မပြုရန်နှင့် အတွင်း ဘက်တွင် စီးနင်းကြရန် အထူး သတိပေး ထားသည်ဟု သိရ သည်။

 “ဘယ်နှစ်ရက် အတိ အကျ ပိတ်မယ် လို့တော့ မပြောနိုင် သေးပါဘူး၊ မိုးဇလက ထုတ်ပြန်ချက်ကို မူတည်ပြီး၊ သတိပေး ထုတ်ပြန် သွားမှာ ဖြစ်တယ်၊ လေတိုက်နှုန်းတွေ လျှော့ကျ သွားရင်တော့ ပြန်လည် ပြေးဆွဲခွင့် ပေးသွားမှာ ဖြစ်တယ်”လို့ တာဝန်ရှိသူက ဆက်လက် ပြောကြား သည်။

မြန်မာ့ပင်လယ်ပြင်၊ မြန်မာ့ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် ရံဖန် ရံခါ မိုးသက် လေပြင်းများ ကျရောက်ပြီး လှိုင်းကြီး မည်ဖြစ်၍ မိုးသက် လေပြင်း ကျရောက်စဉ် ရေပြင်/ မြေပြင် လေသည် တစ်နာရီလျှင် မိုင် ၄၀ အထိ တိုက်ခတ် နိုင်ကြောင်း၊ လှိုင်း အမြင့်မှာ မြန်မာ့ ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင် တို့တွင် ကိုးပေမှ ၁၂ ပေခန့် ရှိနိုင်ပြီး နောက်နှစ်ရက် အတွက် ခန့်မှန်းချက်မှာ မုတ်သုံလေ အားကောင်း နေမည်ဟု မိုး/ ဇလက သတိပေးချက်က ထုတ်ပြန် ထားသည်။

တနင်္သာရီတိုင်း အတွင်းရှိ မြိတ်ခရိုင်နှင့် ကော့သောင်းခရိုင်တို့တွင် မိုးသက်လေပြင်းများ တိုက်ခတ်မှုကြောင့် လူနေအိမ်များ ပြိုလဲခြင်း အမိုးအကာများ လန်ထွက်ခြင်း၊ သစ်ပင်ကြီးများ ပြိုလဲခြင်းနှင့်  လျှပ်စစ် ဓါတ်တိုင်လဲကျမှုများ သြဂုတ်လ ၄ ရက်နေ့ မွန်းလွဲပိုင်း အထိ ဖြစ်ပွားနေကြောင်း သိရ သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly