မော်စကို အတိုက်အခံ ဆန္ဒပြပွဲ လူရာချီ အဖမ်းခံရ

မော်စကို အတိုက်အခံ ဆန္ဒပြပွဲ လူရာချီ အဖမ်းခံရ
Officers detain a participant during a rally in Moscow. Photo: Reuters

သြဂုတ် ၄ ။         ။ ရုရှားနိုင်ငံ မော်စကိုမြို့မှာ သြဂုတ် ၃ ရက်က အတိုက်အခံတွေရဲ့ စုရုံးဆန္ဒပြပွဲတစ်ခုအတွင်း လူပေါင်းရာနဲ့ချီကို ရဲတွေက ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

ဒါဟာ  လာမယ့် စက်တင်ဘာလမှာ ကျင်းပမယ့် ဒေသရွေးကောက်ပွဲတွေမှာ အတိုက်အခံ ကိုယ်စားလှယ်တစ်ချို့ ပါဝင်ယှဉ်ပြိုင်နိုင်ရန် အရည်အချင်း မပြည့်မီကြောင်း အာဏာပိုင်တွေက ဆုံးဖြတ်ထားမှုအပေါ် အတိုက်အခံတို့က စုရုံးချီတက်ဆန္ဒပြကြတာဖြစ်ပါတယ်။

တရားဝင် ခွင့်ပြုချက် မရှိဘဲ ပြုလုပ်တဲ့ ယင်းဆန္ဒပြမှုအတွင်း အတိုက်အခံဘက်က လူပေါင်း ၆၀၀ ကျော်လောက် ဖမ်းဆီးခံရတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ရုရှားအစိုးရကို အဓိက ဝေဖန်ထားတဲ့ အတိုက်အခံခေါင်းဆောင် အလက်ဇီ နာဗယ်လ်နီကို အာဏာပိုင်တွေဘက်က ပိုမို ဖိအားပေးမှုတွေပြုလုပ်လာခဲ့ပါတယ်။

ထွက်ပေါ်လာတဲ့ ဗီဒီယို ပုံရိပ်တွေအရ ရုရှား လုံခြုံရေးတွေဟာ နံပါတ်တုတ်တွေ အသုံးပြုပြီး ဆန္ဒပြသူတွေကို ဖမ်းဆီးခဲ့တာကို တွေ့မြင်ခဲ့ရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly