အမြဲလွှင့်ပစ်ကြတဲ့ ဖရဲသီးအခွံရဲ့ လူသိနည်းတဲ့ကျန်းမာရေးအကျိုးကျေးဇူး

အမြဲလွှင့်ပစ်ကြတဲ့ ဖရဲသီးအခွံရဲ့ လူသိနည်းတဲ့ကျန်းမာရေးအကျိုးကျေးဇူး

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


အများစုက ဖရဲသီးရဲ့ အရည်ရွှမ်းပြီး ချိုမြတဲ့အသားကိုပဲ စားကြပါတယ်။ ဒါပေမဲ့ ဖရဲသီးရဲ့အခွံကိုလည်း စားလို့ရပါတယ်တဲ့။ ဖရဲသီးအခွံက သင့်ခန္ဓာကိုယ်ကို ဘက်ပေါင်းစုံက အကျိုးပြုနေလို့ပါပဲ။
ဖရဲသီးအခွံမှာ ဘာတွေပါလို့လဲ

ဖရဲသီး အသားမှာလိုပဲ အခွံမှာ ရေ ဓာတ် အပြည့်အဝ ပါဝင်ပါတယ်။ သည် လိုရေဓာတ် ပါဝင်လို့လည်း ကျောက်ကပ်ရဲ့စွန့်ထုတ်နိုင်စွမ်းကို ပိုကောင်းစေတာပါ။ ဒါ့အပြင် ရေဓာတ်အလုံအလောက်ရရှိ မှုကြောင့် သွေးတိုးကိုလည်းကျစေဖို့ အထောက်ကူပေးပါတယ်။

ဖရဲခွံသားက ဗီတာမင် C ၊ B6 နဲ့ A တို့ ပြည့်ဝစွာပါဝင်တဲ့အပြင် ပိုတက်စီယမ်နဲ့ ဇင့်တို့ကိုလည်း ပမာဏအတန်အသင့်ရရှိ နိုင်ပါတယ်။

ဗီတာမင် စီပါဝင်လို့ free radical ကြောင့်ထိခိုက်ပျက်စီးမှုတွေကို ခုခံနိုင်ပြီး ကိုယ်ခံအားကို ကောင်းစေပါတယ်။
ဖရဲသီးအခွံသားကို စားရင်ရရှိနိုင် မယ့် အကျိုးကျေးဇူး
၁ ။ ကျောက်ကပ်မှာ ကျောက်ကြေစေတယ်

ဖရဲခွံမှာပါတဲ့ ပိုတက်စီယမ်ဟာ ကျောက်ကပ်ထဲက အက်စစ်ပမာဏကို ထိန်းညှိ၊ ထိန်း သိမ်း ပေး တာ ဖြစ် လို့ ကျောက် ကပ်ကျန်းမာရေးအတွက် အကျိုးများစေပါတယ်။ ရေဓာတ်ပါဝင်မှုကြောင့် ကျောက်ကပ်မှာတည်နေတဲ့ ကျောက်တွေကို ကြေကျစေပါတယ်။
၂။ ကိုယ်အလေးချိန်ကျစေတယ်

ဗီတာမင် C  ပါဝင်မှုကြောင့် diet လုပ်၊ ဝိတ်ချနေသူတွေအတွက် အထောက် အကူဖြစ်စေပြီး အမျှင်ဓာတ်ကြောင့် အချိန်အတော်ကြာ ဗိုက်ပြည့်နေစေမှာ ဖြစ်ပါ တယ်။
၃။ ရောင်ရမ်းမှုလျော့ကျစေတယ်

ဖရဲသီးခွံမှာပါတဲ့ lycopene ဓာတ်က အဆစ်ရောင် နာကျင်ကိုက်ခဲမှုတွေမှာ ဖြစ်တတ်တဲ့ရောင်ရမ်းမှုဝေဒနာကို လျော့ကျ စေပါတယ်။ ဖရဲသီးခွံမှာ မျက်စိကျန်းမာရေးအတွက်ကောင်းတဲ့ beta carotene ဓာတ်လည်း တော်တော်လေး ပါဝင်ပါ တယ်။
၄ ။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းကို ကုသနိုင်တယ်

ဖရဲသီးအခွံရဲ့ ရေဓာတ်ဖြည့်တင်း နိုင်စွမ်းနဲ့ ဆီးရွှင်စေတဲ့အာနိသင်က ဆီးပိုးဝင် ခြင်း ကို ကုသရာမှာ ထိရောက်စေမှာပါ။ ဒါ့ ကြောင့် ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာ စတွေ့ပြီဆိုတာနဲ့ ဖရဲသီးအခွံဖျော်ရည် ကို သောက်နိုင်ပါတယ်။
၅ ။ ကိုယ်ဝန်ကြောင့်ဖြစ်တဲ့ လက္ခဏာတွေကို သက်သာစေတယ်

ဖရဲသီးအခွံသားကို ကိုယ်ဝန်ဆောင် အမျိုးသမီးတွေစားပေးမယ်ဆိုရင် ရင်ပူတာတွေ သက်သာစေပြီး ကိုယ်ဝန် ကြောင့် ဖြစ်တဲ့ ဖောရောင်မှုတွေကို လျော့ပါးစေပါ တယ်။ ဖရဲသီးအခွံမှာပါဝင်တဲ့ သဘာဝသကြားဓာတ်ကြောင့် အော့အန်ခြင်း ဝေဒနာတွေကိုလည်း သက်သာစေနိုင်ပါ တယ်။
၆။ သွေးတိုးထိန်းပေးနိုင်တယ်

ဖရဲသီးအခွံသားက သွေးတိုးကိုကျစေတယ်လို့ဆိုပေမဲ့ သွေးပေါင်ကျနေတဲ့ အခါမျိုးမှာလည်း သွေးလည်ပတ်မှုကို ကောင်းစေပြီး သွေးဖိအားကို ပုံမှန်ဖြစ်အောင် ထိန်းညှိပေးနိုင်တယ်လို့ သိရပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly