တက္ကဆက်ပြည်နယ် သေနတ်ပစ်ခတ်မှု လူ ၂၀ သေဆုံး

တက္ကဆက်ပြည်နယ် သေနတ်ပစ်ခတ်မှု လူ ၂၀ သေဆုံး

သြဂုတ် ၄ ။                     ။ အမေရိကန်ပြည်ထောင်စု တက္ကဆက်ပြည်နယ် အယ်လ် ပါဆို မြို့ရှိ Walmart စတိုးတစ်ခုမှာ သေနတ်သမားတစ်ဦးရဲ့ ပစ်ခတ်မှုကြောင့် လူ ၂၀ သေဆုံးပြီး ၂၆ ဦး ထိခိုက်ဒဏ်ရာတွေ ရသွားခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

ယင်း လူအစုအလိုက်အပြုံလိုက် သေဆုံးစေခဲ့တဲ့ သေနတ်ပစ်ခတ်မှုကတော့ အမေရိကန်-မက္ကဆီကို နယ်စပ်အနီးမှာ ရှိတဲ့ ယင်း အယ်လ် ပါဆို မြို့က Walmart စျေးဝယ်စတိုးမှာ သြဂုတ် ၃ ရက်က ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ သံသယရှိ သေနတ်သမားလို့ ယူဆရသူ အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲက ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ၎င်းသံသယရှိ သေနတ်သမားကတော့ ယင်းမြို့ အရှေ့ပိုင်း  မိုင် ၆၅၀ အကွာမှာရှိတဲဲ့ အယ်လန် မြို့မှာ နေထိုင်သူဖြစ်တယ်လို့ သိရပြီး ၎င်းရဲ့ အမည်ဟာ ပက်ထရစ် ခရုစီးယက်စ် ဖြစ်တယ်လို့ အမေရိကန် မီဒီယာတွေမှာ ဖော်ပြပါတယ်။

ယခု တက္ကဆက်ပြည်နယ်မှာ ဖြစ်တဲ့ သေနတ်ပစ်ခတ်မှုကတော့ ပြည်နယ်သမိုင်းမှာ လူအသေအပျောက်အများဆုံးသော ဖြစ်စဉ်တစ်ခု ဖြစ်လာခဲ့ကြောင်း ပြည်နယ် အုပ်ချုပ်ရေးမှူး ဂရက် အက်ဘော့တ်က ပြောပါတယ်။

အဆိုပါ တနင်္ဂနွေ လူအစုအပြုံသေစေတဲ့ ပစ်ခတ်မှုကိုတော့ အမုန်းတရားကြောင့် ကျူးလွန်သည့် ပြစ်မှုတစ်ခု ဖြစ်နိုင်သလား ဆိုတာကို ပြည်နယ် အာဏာပိုင်တွေက စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရပါတယ်။

ယခု ပစ်ခတ်မှုဖြစ်စဉ် သတင်းကြားသိရပြီးနောက် ဝမ်းနည်းမိကြောင်း သမ္မတ ဒေါ်နယ်ထရမ့်ကလည်း တွစ်တာကနေတဆင့် ထုတ်ပြန်သွားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly