ကျောက်မျက်ရတနာဥပဒေ၊ နည်းဥပဒေ အမြန်ဆုံး ထွက်ရှိရန်လိုအပ်နေဟုဆို

ကျောက်မျက်ရတနာဥပဒေ၊ နည်းဥပဒေ အမြန်ဆုံး ထွက်ရှိရန်လိုအပ်နေဟုဆို

ကျောက်မျက်ရတနာဥပဒေနှင့်နည်းဥပဒေများကို အမြန်ဆုံးထွက်ရှိရေးအတွက် လိုအပ်နေတယ်လို့ ဖားကန့် ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းအတွင်းရေးမှူး ဦးဇော်လင်းမြင့်က တတိယအကြိမ်မြောက် မြန်မာ့ ကျောက်မျက်ရတနာ နေ့ အခမ်းအနားမှာ ပြောပါတယ်။

“ကျွန်တော်တို့ အခုလက်ရှိတော့ ကျောက်မျက်ရတနာ လုပ်နေတဲ့လူတွေအနေနဲ့ အခက်အခဲတွေကတော့ အခုလက်ရှိလိုဆိုရင် ကျွန်တေ်ာတို့ ဒါ လုပ်ကွက်တွေ သက်တမ်းတွေ ကို ထပ်မချပေးဘဲနဲ့ ဥပဒေပြောင်းလဲတဲ့ ကာလမှာ ရပ်ထားတယ်။ အဲ့တော့ အခုအမြန်ဆုံး ဥပဒေ နည်းဥပဒေတွေ အမြန်ဆုံးထွက်ရှိဖို့ ထွက်ရှိလာပြီး တာနဲ့ လုပ်ကွက်တွေ တူးဖော်တဲ့နေရာမှာ စနစ်တကျနဲ့ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ အဲ့တာလေး အမြန်ဆုံး လိုအပ်လျက်ရှိပါတယ်”ဟု ဖားကန့်ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းအတွင်းရေးမှူးကိုဇော်လင်းမြင့် (ခ) ကိုဝမ်းက ပြောသည်။

မြန်မာ့ကျောက်မျက်ရတနာ ဥပဒေကို ယခုနှစ်ဇန်နဝါရီ၃ဝရက်က ပြည်ထောင်စုလွှတ်တော်တွင် ပြဋ္ဌာန်းထားပြီး နည်းဥပဒေထွက်ရှိရေးအတွက် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ရိုက်ကူး/ တည်းဖြတ် - အောင်မြတ်သူ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly