မူလတန်းကျောင်းမှာ ကျောင်းလာတက်ပြီး စာလာသင်နေတဲ့ မျောက်ဖြူမလေး

မူလတန်းကျောင်းမှာ ကျောင်းလာတက်ပြီး စာလာသင်နေတဲ့ မျောက်ဖြူမလေး
Monkey lesson: The grey langur, Lakshmi, attending the school in Peapully mandal in Kurnool district.   | Photo Credit: U_SUBRAMANYAM

အိန္ဒိယနိုင်ငံ အန်ဒရာပရာဒက်ရှ်ပြည်နယ်တွင်းက ပီပူလီအရပ်က ဝန်ဂလမ်ပါလီကျေးရွာက မူလတန်းကျောင်းကလေးမှာ ထူးခြားဆန််းပြားစွာပဲ မျောက်ဖြူမလေးတစ်ကောင်ဟာ ကျောင်းလာတက်နေပြီး စာလာသင်နေတာဟာဆိုရင် ၁၂ ရက်တောင် ရှိနေပါပြီ။

အတန်းတွေထဲမှာ ကျောင်းသားတွေ ပြည့်သွားပြီဆိုတာနဲ့ မျောက်ဖြူမလေးကို ကျောင်းသားလေးတွေကြားမှာ အတန်းတက််နေတာကို တွေ့ရမှာ ဖြစ််ပါတယ်။

ဒီ မျောက်ဖြူမလေး ကျောင်းကို လာစတက်တုန်းကဆိုရင် ပုံမှန်မဟုတ်တဲ့ ကိစ္စရပ်ဖြစ်တာကြောင့် တအံ့တသြ ဖြစ်ခဲ့ကြပေမယ့် ခုချိန်မှာတော့ မျောက်ဖြူမလေးဟာ ကျောင်းသူတစ်ဦးလိုပဲ ကျောင်းနဲ့ အစေးကပ်လို့ နေပါပြီ။

“ကျောင်းသားတွေက သူ့ကို နာမည်တောင် ပေးထားပြီ။ လက်ချ်မီးတဲ့ဗျာ။”လို့ မူလတန်းကျောင်းရဲ့ ကျောင်းအုပ်ကြီး အက််ဘ်ဒူလက််တက်ဖ််က ပြောပါတယ်။

လက်ချ်မီးဟာ မျောက်မလေးတစ်ကောင်ဖြစ်ပေမယ့် ထူးဆန််းစွာပဲ တိရစ္ဆာန်တစ်ကောင်လို မပြုမူပါဘူး။ ကျောင်းစည်းကမ်းတွေကို ကောင်းစွာ လို်က်နာပြီး လိမ္မာတဲ့ ကျောင်းသူမျောက်မလေးပဲ ဖြစ်ပါတယ်။

“ဒီ မနက်ပိုင်းမှာ ကျောင်းသားတွေနဲ့အတူ သူဟာ တန်းစီတယ်။ ပြီးရင် အတန်းတက်ရော၊ နေ့လယ်စာကိုလည်း ကျောင်းသားတွေနဲ့ အတူစားတယ်။ အတန်ပြီးရင် ကျောင်းသားတွေနဲ့ အတူ ဆော့ပါတယ်။”လို့ ကျောင်းအုပ်ကြီးက ပြောပါတယ်။

အခန်းထဲမှာ လက်ချ်မီး ရှိနေတာ ကျောင်းသားကျောင်းသူတွေ စာကို အာရုံမရဘူးလို့ ဆရာ၊ ဆရာမတွေက မှတ်ယူပြီး လက်ချ်မီးကို အပြင်ထုတ် တံခါးတွေ ပိတ် စာသင်ရင်တော့ လက်ချ်မီး မျောက်မလေးဟာ ပြတင်းပေါက်ကနေ ဆရာ၊ ဆရာမတွေ သင်ကြားသမျှကို လိုက်လံအာရုံစိုက် နားထောင်နေတာကို တွေ့ရမှာ ဖြစ််ပါတယ်။

ဖွံ့ဖြိုးပြီး နိုင်ငံတွေက တစ်ချို့သော တက္ကသိုလ်တွေမှာ စိတ်ဖိစီးမှု ဖြေလျှော့ရာအဖြစ် ကျောင်းသူကျောင်းသားတွေကို အိမ်မွေးတိရစ္ဆာန်တွေ မွေးမြူခွင့် ပေးထားပါတယ်။ လက်ချ်မီးဟာလည်း ဝန်ဂလမ်ပါလီကျောင်းလေးမှာ ကျောင်းသူကျောင်းသားတွေကို စိတ်ပျော်ရွှင်စေသူ ဖြစ်လာခဲ့ပါပြီ။

လက်ချ်မီး ရောက်လာချိန်ကစပြီး ကျောင်းလေးမှာ နေ့တိုင်း ကျောင်းပျက်သူ လုံးဝ မရှိတော့ဘူးလို့ ကျောင်းအုပ်ကြီး လက်တက်ဖ်က ပြောခဲ့ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly