ဆီးဂိမ်း ယူ-၂၃ ကစားသမား ၀င်းဇင်ဦး၏ ဒဏ်ရာ ပြန်လည်သက်သာ

ဆီးဂိမ်း ယူ-၂၃ ကစားသမား ၀င်းဇင်ဦး၏ ဒဏ်ရာ ပြန်လည်သက်သာ
 ဆီင်္းဂိမ်းပြိုင်ပွဲတွင် ခြေထောက်ဒဏ်ရာရခဲ့သည့် ၀င်းဇင်ဦး ဆေးကုသမှု ခံယူနေစဉ် (ဓာတ်ပုံ- MFF)

အောက်တိုဘာ ၁၂၊ ရန်ကုန်။            ။ ၂၀၁၅ စင်ကာပူဆီးဂိမ်းပြိုင်ပွဲတွင် ညာခြေထောက်ကျိုး ဒဏ်ရာရခဲ့သည့် ဆီးဂိမ်း ယူ-၂၃ ကစားသမား ဝင်းဇင်ဦးသည် လက်ရှိတွင် ဒဏ်ရာပြန်လည် သက်သာကာ အသင်းနှင့်အတူ လေ့ကျင့်ခန်းပြန်လည် ပြုလုပ်နိုင်ပြီ ဖြစ်သည် ဟု ကာယကံရှင်က ပြောသည်။

ဇေယျာရွှေမြေကစားသမား ဝင်းဇင်ဦးသည် ပြီးခဲ့သည့် ဆီးဂိမ်းတွင် နောက်တန်း၌ ခြေစွမ်းပြ ကစားနိုင်ခဲ့သော်လည်း စင်ကာပူအသင်းနှင့်ပွဲတွင် တစ်ဖက် အသင်း၏ တိုက်စစ်မှူးနှင့် ထိခိုက်မိကာ ညာခြေထောက်ကျိုး၍ သုံးလခန့် အနားယူခဲ့ရသည်။

“ ဒဏ်ရာကတော့ ပြန်သက်သာနေပါပြီ။ အသင်းနဲ့လည်း အခု ပြန်ပူးပေါင်းလေ့ကျင့်မှုတွေ လုပ်နေပါတယ်။ အသင်းက ပေးကစားမယ် ဆိုရင်တော့ ဒီလာမယ့် ရန်ကုန်အသင်းနဲ့ပွဲကစပြီး ကစားချင်ပါတယ်။ လက်ကျန်ပွဲတွေမှာ ပါဝင်ကစားနိုင်ဖို့ ကျွန်တော့်ဘက်ကလည်း လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။ ဝင်ကစားခွင့်ရမရ ဆိုတာကတော့ နည်းပြအပေါ် မူတည်ပါတယ်။ ကျွန်တော်ကတော့ ဘောလုံးမကစားရတာကြာတော့ ဝင်ကစားရဖို့ စိတ်အားထက်သန်နေပါတယ် ” ဟု ဝင်းဇင်ဦးက သူ၏ ဒဏ်ရာအခြေအနေနှင့် ပတ်သက်၍ ပြောသည်။

ဇေယျာရွှေမြေအသင်းသည် လက်ရှိတွင် မြန်မာနေရှင်နယ်လိဂ် ပွဲစဉ် ၁၉ ကစားပြီးချိန်၌ ငါးပွဲနိုင် လေးပွဲသရေ ကိုးပွဲရှုံး ရလဒ်ဖြင့် ရမှတ် ၁၉ မှတ် ရရှိကာ အမှတ်ပေးဇယား အဆင့် ၈ နေရာတွင် ရပ်တည်လျက်ရှိပြီး တန်းဆင်းဇုန်အသင်းနှင့် နှစ်မှတ်သာ ကွာဟလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly