အင်ဒိုနီးရှားနိုင်ငံမှာ ငလျင်ကြီး လှုပ်ပြီး ဆူနာမီသတိပေးချက် ထုတ်ပြန်ထား

အင်ဒိုနီးရှားနိုင်ငံမှာ ငလျင်ကြီး လှုပ်ပြီး ဆူနာမီသတိပေးချက် ထုတ်ပြန်ထား

ဂျကာတာ၊ သြဂုတ် ၃ ။        ။ အင်ဒိုနီးရှားနိုင်ငံရဲ့ တောင်ပိုင်းကမ်းရိုးတန်း လူနေအထူထပ်ဆုံး ဂျာဗားကျွန်းမှာ အားပြင် ငလျင်ကြီး လှုပ်တာကြောင့် တိုက်တာအဆောက်အအုံတွေက လူတွေကို ဘေးကင်းရာ ရွှေ့ပြောင်းစေပြီး ဆူနာမီ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးချက်လည်း ထုတ်ပြန်ထားတယ်လို့ နိုင်ငံရဲ့ သဘာဝဘေးအေဂျင်စီက ပြောပါတယ်။

မြို့တော် ဂျကာတာ အနောက်တောင်ပိုင်း လာဘူယန်အရပ်မှ မိုင် ၉၀ အကွာခန့် ရေအောက်အနက် ၃၃ မိုင်မှာ ဗဟိုပြုပြီး ပြင်းအား ၆ ဒသမ ၉ အဆင့်ရှိ ငလျင်ကြီး သြဂုတ် ၂ ရက်က လှုပ်ခဲ့တာဖြစ်ကြောင်း အမေရိကန် ဘူမိတိုင်းတာရေးအရ သိရပါယ်။

အင်ဒိုနီးရှား သဘာဝဘေးအေဂျင်စီရဲ့ တိုင်းထွာချက်အရတော့ ငလျင်ဟာ ပြင်းအား ၇ ဒသမ ၄ အဆင့် ရှိပြီး ဆူနာမီ ဖြစ်ပေါ်နိုင်တယ်လို့ သတိပေးထားတာ ဖြစ်ပါတယ်။

“သုံးမီတာ အမြင့် ဆူနာမီ ရေလှိုင်းကြီးတွေ နယ်မြေဒေသအချို့ ရိုက်ခတ်လာနိုင်ခြေ ဘေးအန္တရာယ် ရှိနေတယ်။”လို့ သဘာဘေးအေဂျင်စီမှ တာဝန်ရှိသူ ရက်မတ်ရိုင်ယိုနိုက ပြောပါတယ်။

“ပျက်စီးထိခိုက်မှု သတင်းတွေကို နားစွင့်နေတုန်းပဲ ရှိပါတယ်။”လို့ သူက ဖြည့်စွက်ပြောပါတယ်။

ခုချိန်ထိ ပျက်စီးသေဆုံးမှု သတင်း မကြားသိရသေးပါ။

အခု ငလျင်ကြောင့် ဆူနာမီ ဖြစ်ပေါ်နိုင်တယ်လို့ အေဂျင်စီက သတိပေးချက် ထုတ်ထားတဲ့ ဂျာဗားကျွန်းနဲ့ ဆူမတြားကျွန်းကြားက ဆန်းဒါရေလက်ကြားဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာက မီးတောင်ပေါက််ကွဲမှုကြောင့် ဖြစ််ပေါ်တဲ့ ဆူနာမီကြောင့် လူပေါင်း ၄၀၀ ကျော် သေဆုံးထားခဲ့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly